iMyanmarHouse.com - Best Property Website for Myanmar
×










 ဇော်ပိုင်နှင့် Rဇာနည် တို့၏ Two Men Showကိုအောက် တိုဘာ ၁၀ရက်တွင် ဆီဒိုးနားဟို တယ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပရိသတ်များနှင့် ပျော်ပျော်ပါးပါး ဖျော်ဖြေပေးနိုင်ရန်   စီစဉ်ထား ကြောင်း ဇော်ပိုင်ကပြောသည်။

‘‘ကျွန်တော်တို့နှစ်ယောက်က ငယ်သူငယ်ချင်းမဟုတ်ပေမယ့် ဟိုတုန်းကတည်းကအနုပညာ လောကထဲကို ၀င်လာတာလည်း တူကြသလို ပျော်ကြပါးကြသွား ကြလာကြတာလည်းတူတယ်။ တစ်ယောက်နဲ့တစ်ယောက်သီ ချင်းကြိုက်တာတွေရောသီချင်းပုံ စံတွေအစလည်းတူကြတော့ သူ ငယ်ချင်းနှစ်ယောက်ပရိသတ် တွေကို သီချင်းအတူတူဖျော်ဖြေ ပေးချင်တဲ့ ဆန္ဒပေါ်လာတယ်။အဲ ဒါကြောင့် ဇာနည်နဲ့ တိုင်ပင်ပြီးအ ကောင်အထည်ဖော်ဖြစ်တာ’’ဟု ဇော်ပိုင်ကပြောသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည်  ပြင်ပတွင်လည်းပျော်ပျော်ရွှင်ရွင် နေတတ်သူများဖြစ်သောကြောင့် လာရောက်ကြည့်ရှုမည့် ပရိသတ် များကို သီချင်းပျော်ပျော်ရွှင်ရွှင်သီ ဆိုပေးချင်ကြောင်း ၎င်းကပြော ကြားသည်။

ယင်းဖျော်ဖြေပွဲကိုအောက် တိုဘာ ၁၀ရက်တွင် ဆီဒိုးနားဟို တယ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ခများကို    ကျပ်ငါး သောင်း၊ ခုနစ်သောင်းနှင့် တစ်သိန်း သတ်မှတ်ထားကာ  စုစုပေါင်း လက်မှတ်ခြောက်ရာရောင်းချ မည်ဖြစ်သည်။

‘‘ပွဲချိန်အရ အပုဒ်သုံးဆယ် လောက်ဖျော်ဖြေဖို့မှန်းထားပါ တယ်။ နှစ်ယောက်တွဲအနေနဲ့က အာဇာနည်စုံတွဲတေးများထဲက ဇော်ပိုင်နဲ့ ဆိုထားတဲ့သီချင်းက တော့   သေချာပါမယ်။   အတိ အကျကတော့ သီချင်းတိုက်မှပဲအ တိအကျသိရမယ်’’ဟု အာဇာနည် ကပြောသည်။

ဖျော်ဖြေပွဲအစီအစဉ်များအ ပြင် ဆန်းထွဋ်နှင့်မောင်မောင် အေးတို့၏ တင်ဆက်မှုအစီအစဉ် များလည်း ပါဝင်မည်ဖြစ်ပြီးလာ ရောက်ကြည့်ရှုသည့် ပရိသတ် များအတွက်လည်းအမှတ်တရ လက်ဆောင်များပေးအပ်သွားရန် အစီအစဉ်ရှိကြောင်းသတင်းရရှိ သည်။

လက်မှတ်များကို တိုနီထွန်း ထွန်း၊ ရွှေကောင်းဟော့ပေါ့၊ ရွှေ ရသာ၊ ဆီဒိုးနားနှင့်  စီးတီးမတ်ဆိုင်ခွဲများတွင်ရောင်းချသွားမည် ဖြစ်သည်။

Credit: 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top