iMyanmarHouse.com - Best Property Website for Myanmar
×










သမီးရည်းစား ဆက်ဆံရေးဆိုတာ အချိုရည်၊ အအေး နဲ့တူပါတယ်။ အချိန်ကြာသွားလေ၊ ပုလင်းမှ အခိုးအငွေ့တွေ၊ အမြုပ်တွေ တစီစီ ထွက်သွားလေဖြစ်ပါတယ်။ တခြားတစ်ဖက်မှာလည်း လက်တွဲခါစ သမီးရည်းစားဆက်ဆံရေးတိုင်းမှာ ရင်ခုန်မှုနဲ့ အားအင်အပြည့်ပေးနိုင်ဖို့ အငွေ့အသက်တစ်ချို့တော့ လိုအပ်ပါတယ်။ သင့်ရဲ့ အချစ်သစ်ဘဝမှာ ချစ်ခြင်းရဲ့အငွေ့အသက်တွေကို ကွယ်ပျောက်မသွားအောင် လိုက်ရမယ့် အချက် (၅) ချက်ရှိပါတယ်။

(၁) အချစ်လိုနေသူတစ်ယောက်လို မနေပါနဲ့

တစ်စုံတစ်ဦးအတွက် အချစ်စိတ်တွေ ပေါက်ပွားလာတဲ့အခါ အချိန်တိုင်း နီးနီးကပ်ကပ်နေချင်ကြပါတယ်။ ဒါပေမဲ့ သူနားမှာပဲ တပူးကပ်ကပ်မနေပါနဲ့။ အမျိုးသမီးတွေက ဂရုစိုက်မှုတာကို ခံချင်ကြတယ် ဆိုပေမဲ့ ယောက်ျားတစ်ယောက်ဆီက ဂရုစိုက်မှု ပိုလွန်းပြန်ရင်လည်း အစ ပထမမှာ သူမကို ထွက်ပြေးချင်စိ တ်ဖြစ်စေနိုင်ပါတယ်။ သင့်ကောင်မလေးကို သင်စိတ်ခံစားချက်ပိုင်းဆိုင်ရာ အမှီအခိုကင်းမဲ့ လွတ်လပ်မှုရှိကြောင်း ပြသနိုင်မယ်ဆိုရင် သူမက သင့်ကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူအနေနဲ့ မြင်လာမှာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတစ်ခုပေါ့။

(၂) အပြောနဲ့မဟုတ် လက်တွေ့လုပ်ပြပါ

စကားလုံးတွေဆိုတာ အာမခံမပါတဲ့ကတိသာဖြစ်ပြီး လက်တွေ့ဆောင်ရွက်မှုမပါဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ သူမက သင့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတဲ့အကြောင်း တတွတ်တွတ်ပြောပြနေမယ့်အစား သူအပေါ်ကြင်နာမှု၊ လက်တွေ့လုပ်ဆောင်ချက်၊ လေးစားမှုနဲ့ ပြသပါ။ စကားလုံး၊ အပြောအဆိုမပါဘဲ သင် သူ့အပေါ်ဘယ်လောက်အလေးနက်တန်ဖိုးထားကြောင်း ခံစားလာအောင် စွမ်းဆောင်ပါ။

(၃) လျို့ဝှက်ချက်တွေကို ချက်ချင်းမဖွင့်ဟလိုက်ပါနဲ့ဦး

ရည်းစားတွေ ဖြစ်လာတဲ့အခါ သင့်လျို့ဝှက်ချက်တချို့ သူမဆီ ဖွင့်ပြောချင်နေလိမ့်မယ်။ သူမအပေါ်ထားထားတဲ့ သင့်ရဲ့ယုံကြည်မှုကို တစ်ဖက်က တန်ဖိုးထားမထား မရေရာသေးတဲ့အချိန်မှာ သူမအတွက် သင့်ရဲ့ ရင်းနှီးတွယ်တာမှုကို အလျင်စလိုဖြစ်တယ်လို့ ထင်မြင်လာစရာဖြစ်နိုင်တယ်။ စိတ်ရှည်ရှည်ထားပါ။ အဲဒီလျို့ဝှက်ချက်တွေ ဖွင့်ပြောမယ့်အချိန် ရောက်လာမှာပါ။ သို့ပေမဲ့ သူပြောတာကို စိတ်ဝင်စားမှုပြသပါ။ သူ့စကားနားထောင်နေကြောင်း ပြသမယ်ဆိုရင် သင့်အပေါ်ယုံကြည်မှုစတင်လာပြီး နှစ်ဦးလုံး အချိန်မရွေး ရင်းနှီးမှုရသွားကြပါလိမ့်မယ်။

(၄) သူမကို မမြူဆွယ်ပါနဲ့

သင်နဲ့ ခုမှ လက်တွဲခါစကောင်မလေးကို သင်လုပ်စေချင်တာတွေ တွန်းပို့လုပ်ခိုင်းတာဟာ သူမအတွက် စိတ်အနှောက်အယှက်ဖြစ်စေမယ့် နည်းလမ်းများသာဖြစ်တယ်။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လုပ်တတ်သည်ဖြစ်စေ မလုပ်တတ်သည်ဖြစ်စေ ညွန်ကြားသည့်အတိုင်း လုပ်စေတာထက် သူနည်းနဲ့သူ လုပ်ချင်တာလုပ်ပြီး ပျော်နေပါစေ။ ဒါ့ပြင် ရနိုင်တာထက် ကိုယ့်ဘက်က ပေးနိုင်မယ့်အရာကိုသာ အမြဲစဉ်းစားပါ။ သူ့ကို ပျော်ရွှင်စေအောင်ကိုယ့် ဘက်က ကြိုးပမ်းချက်တွေကို သတိထားမိလာပြီး သူမဘက်ကလည်း သူနည်းသူဟန်ဖြင့် သင့်ကို ပျော်ရွှင်စေချင်တဲ့စိတ်ဖြစ်လာပါလိမ့်မယ်။

(၅) အမြဲတမ်းအလွန်တကူ လိုက်လျောပေးမှုမပေးပါနဲ့

လိင်ပျော်ပါးဖို့ အချိန်အကြာရေးယူစည်းရုံးဆွဲဆောင်တာဟာ မသိစိတ်ရဲ့ခံစားမှုတစ်ခုနဲ့ သူရိပ်မိအောင် ပြုမူလိုက်တာဖြစ်တယ်။ တချိန်လုံးအနီးနားတွင် တွယ်ကပ်မနေပါနဲ့။ သင့်ကြောင်း သူအံ့သြသွားအောင်လုပ်ပါ။ အဝေးကနေ သူ့အကြောင်းတွေးရင်း ကိုယ့်စိတ်အာရုံကိုဖမ်းစားပါ။ အခြံအရံနဲ့လုံခြုံခြင်းရဲ့ ငြီးငွေ့ဖွယ်ကောင်းမှုထက် သေချာရေရာမသိရတဲ့ သည်းထိပ်ရင်ဖိုခံစားချက်ဟာ စိတ်လှုပ်ရှားစရာ ပိုကောင်းပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top