iMyanmarHouse.com - Best Property Website for Myanmar
×














မိုးရာသီ မြန်မာဂီတ ဆုပေးပွဲတွင် People Choice နှင့် Artist Choice   ဆုနှစ်ခုကို ရရှိခဲ့သည့် လွှမ်းပိုင်က သူရေးစပ်ခဲ့သည့် သီချင်း များသည် လူငယ်ထုများကို ပစ်မှတ်ထားပြီး ရေးစပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ကျွန်တော်အခုလို ဆုတွေရရှိ အောင်လို့ Vote တွေပေးခဲ့ကြတဲ့ ပရိသတ် ကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေလည်း တော်တော် လေး Vote တွေကို ရအောင် လုပ်ပေးကြ ပါတယ်။ အခုလို ဆုတွေရ လာတော့ အရင်က ထက်စာရင် ပိုပြီးတော့ ကြိုးစားရမယ်။ အားအင်တွေ ပြည့်လာ ပါတယ်။ ကျွန်တော့် သီချင်းတွေကို လူငယ်တွေ အများစုက ကြိုက်ကြတယ်။ ကျွန်တော် ကလည်း သီချင်းရေးရင်  လူငယ် တွေကိုပဲ ပစ်မှတ်ထားပြီး ရေးခဲ့တာဖြစ်လို့ တချို့ စာသားလေးတွေ ကတော့ ခေတ်ဆန်ရင် ဆန်နေမယ်။ အဲဒါကို ကျွန်တော့်ကို ဝေဖန်ထားတဲ့ တစ်ယောက်က ကျွန်တော့်ပရိသတ် တော့ မဟုတ်ပါဘူး။

 သူကိုယ်တိုင်လည်း ရှေ့ မှာရေးထားတော့ သူ့အနေနဲ့ နားထောင် ကြည့်တော့ရင် ကိုးလို့ကန့်လန့် ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါကတော့ ပေါ်ပင် သဘောလို့ပဲ ကျွန်တော် မြင်ပါတယ်ဗျ။ ကျွန်တော့် သီချင်းက ထွက်ထားတာ လေးလ၊ ငါးလလောက်ရှိ နေပြီဆိုတော့ အခုမှ ပြန်ပြီးတော့ နွှေးတာ သိပ်ပြီးတော့ မဟုတ်ပါဘူး။ ဒါတွေကလည်း ဖြစ်နေကျပါ။ Hip Hop  သီချင်းတွေဆိုတာ လွတ်လပ်တယ်။ ဒီ Hip Hop သီချင်းတွေက လွတ်လွတ် လပ်လပ် ရေးရတာ ဖြစ်ပေမယ့် ကျွန်တော့်ဒီ သီချင်းစာသား တွေက လူငယ်တွေ အတုယူ မမှားစေဖို့ ဆိုတာ ထက်ကို ဆေးလိပ်သောက်၊ အရက်သောက် လို့ ရေးတာတွေ တစ်ခုမှ မပါဘူးလေ။

ထွက်ပြီးတာ ကြာပြီးမှ ပြောတာတွေ ကတော့ ပြောရရင် ဖြစ်နေကျ တစ်ခုလိုပဲ။ ကျွန်တော် ကတော့ လူငယ်ထုကို ပစ်မှတ်ထားတာ ဆိုတော့ လူငယ်ဆန်တဲ့ သီချင်းတွေ အများဆုံးပဲ ဖြစ်လိမ့်မယ် ဟု လွှမ်းပိုင်က ပြောသည်။ လွှမ်းပိုင်သည် “ဂီတစာဆို လွှမ်းပိုင်” ဆိုသည့် တေးစီးရီးကို MTV အဖြစ် ရိုက်ကူးနေပြီး၊ ဆုရရှိခဲ့သည့် “ကိုကို”သီချင်းကိုလည်း အကောင်းဆုံး ဖန်တီးမည် ဖြစ်ကြောင်း ပြောသည်။

Credit: Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top