iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်သူတွေ ရန်ဖြစ်ကြတယ်၊ ပြဿနာတက်ကြတယ်ဆိုတာကတော့ အချိန်ကာလတစ်ခု တွဲပြီးတာနဲ့ ရှောင်လွှဲလို့မရတဲ့အရာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် နှစ်ဦးသား ရန်ဖြစ်တာထက် ကိုယ့်ဘက်က ဘယ်လိုထင်တယ်၊ သူ့ဘက်က ဘယ်လိုယူဆတယ်ဆိုတာမျိုး ပိုမိုသိရှိလာဖို့ပါ။ ဒီကနေ တစ်ဦးနဲ့တစ်ဦး ပိုနားလည်လာမယ်ဆိုရင် ဆက်ဆံရေးက ပိုအဆင်ပြေလာပါလိမ့်မယ်။ ဒါပေမယ့် ပြေတာက နောက်ပိုင်း ပြဿ      နာတက်ချိန်ဆို တစ်ဦးနဲ့တစ်ဦး ရစရာမရှိအောင် ပြောဆိုဖြစ်တာများပြီး ရပ်ပစ်လိုက်လို့ မရအောင်ကို ဖြစ်တတ်တယ်ဆိုရင် ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

 ၁။ရန်ဖြစ်နေတုန်း တစ်စုံတစ်ခုဆီကို အာရုံမရရအောင် လွှဲပါ။

နှစ်ဦးသား ရန်ဖြစ်နေချိန်အတွင်း ဘေးမှာရှိနေတဲ့ အရာတစ်ခုခုကို အာရုံလွှဲလိုက်တာမျိုး၊ ဖွင့်ထားတဲ့သီချင်းကို နားထောင်လိုက်တာမျိုး၊ တစ်ခုခုလုပ်လိုက်ပါ။ မိနစ် နှစ်မိနစ်၊ သုံးမိနစ်လောက် အာရုံလွှဲလိုက်နိုင်ရင်ပဲ သင့်ဒေါသတွေ ပြေလျော့သွားပါလိမ့်မယ်။

 ၂။နှစ်ယောက်စလုံး ငြင်းနေတဲ့ ကိစ္စရဲ့ အခြားနောက်တစ်ခုကို ထည့်သွင်းပြောဆိုပါ။

ဥပမာ သင်တို့ငြင်းနေတာက ကိုယ်ဝယ်မယ့် ပစ္စည်းဟာ ဘာရောင်ဖြစ်သင့်တယ်ဆိုတာမျိုးပေါ့။ ဒါဆို နှစ်ယောက်စလုံး အတည်ပြုတဲ့ အရောင်တွေကို မစဉ်းစားတော့ပဲ နောက်တစ်ရောင်ကို ပြောင်းစဉ်းစားတာမျိုးပါ။

၃။ဘာစကားမှ မပြောတော့ပဲ ငြိမ်နေလိုက်ပါ။

ပထမအချက်လို အာရုံလွှဲစရာဘာမှ မရှိရင် ဘာစကားမှ မပြောပဲ ငြိမ်ငြိမ်လေးနေလိုက်ပါ။ ဒီအချက်ကလည်း သင့်ကို အထောက်အကူပြုနိုင်ပါတယ်။

၎။ရန်ဖြစ်ရတာ တန်ရဲ့လား စဉ်းစားဖြစ်အောင် စဉ်းစားပါ။

တစ်ခါတစ်လေ ဘာမှမဟုတ်တာလေးနဲ့ နှစ်ဦးသား ရန်ဖြစ်ကြရတာမျိုးတွေ ရှိပါတယ်။ ရန်စဖြစ်ပြီဆိုတာနဲ့ သင့်ဘက်က တွေးရမှာက ခုလို စိတ်ပင်ပန်းစွာ ရန်ဖြစ်ရခြင်းဟာ တန်ရဲ့လားဆိုတာပါပဲ။

၅။တစ်ဖက်လူကို ရယ်အောင် လုပ်လိုက်ပါ။

ုငြင်းခုံနေရင်း နှစ်ဦးသားရယ်မောဖြစ်သွားတာမျိုး ကြုံဖူးပါသလား။ အဲ့ဒီလိုအချိန်ဆို ဒေါသတွေအားလုံးပြေလျော့သွားပြီး နှစ်ဦးသား အားရပါးရ ရယ်ဖြစ်သွားတာမျိုးပေါ့။ ဒီလိုဖြစ်နိုင်ဖို့ ခဲယဉ်းပေမယ့် သင့်ချစ်သူ ဘယ်လိုဟာသမျိုးဆို အူလှိုက်သဲလှိုက် ရယ်မောတတ်သလဲ သိရင်ရပြီလေ။

၆။သူ့ကို ဆွဲဖက်ထားလိုက်ပါ။

ဒေါသအရမ်းထွက်နေတဲ့လူကို ထွေးပွေ့လိုက်တဲ့အခါ သူ့ဘက်က သင့်ကိုတွန်းထုတ်တာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမယ့် မလွှတ်ပေးလိုက်ပါနဲ့။ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပါ။ ဒီလိုဆိုရင်သူလည်း ဒေါသတွေ ပြေလျော့ပြီး သင့်ရင်ခွင်ထဲ ငြိမ်ကျသွားပါလိမ့်မယ်။

၇။နှစ်ဦးသား လမ်းနည်းနည်းလျှောက်လိုက်ပါ။

ငြင်းခုံရင်း၊ စကားများနေရင်း လမ်းနည်းနည်းလျှောက်ကြစို့လို့ ပြောလိုက်ပါ။ သူ့ဘက်က မလိုက်လျောပဲ အတင်းဆွဲလား၊ ရမ်းလားလုပ်ရင်တော့ တစ်မျိုးပေါ့လေ။ မဟုတ်ရင်တော့ နှစ်ဦးသား ပြန်အဆင်ပြေဖို့ နည်းလမ်းအစစ်ပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top