iMyanmarHouse.com - Best Property Website for Myanmar
×

Miss ထားထက်ထက်က သရုပ်ဆောင် ရာတွင် ပရော်ဖက်ရှင်နယ် မဟုတ်သေး သော်လည်း သဘာဝကျကျ သရုပ်ဆောင် တတ်သည့် အနုပညာရှင် ဖြစ်ချင်ကြောင်း ပြောသည်။ ထားထက် အခုရိုက်နေတဲ့ ကားက တခြား ဇာတ်တွေနဲ့ မတူဘူး။ သရုပ်ဆောင် ရမယ့် ကာရိုက်တာ ကလည်း ထူးခြား ပါတယ်။ ခရစ်ယာန် ဘာသာ ကိုးကွယ်တဲ့ ခရစ်ယာန်မလေး တစ်ယောက် နေရာကပါ ရမယ်။ ဦးလူမင်းက ထားထက်ရဲ့ အဖေ ပေါ့နော်။

 ဗုဒ္ဓ ဘာသာ ကိုးကွယ်သူနဲ့ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ ကြိုက်ကြတယ်။ ဒါကိုအဖေက သဘောမတူနိုင်ဘူး ပေါ့နော်။ အဲဒီလို ဇာတ်လမ်းလေးပါ။ မင်းသား ကတော့ ကိုယုန်လေးပါ။ ထားထက်လည်း အများကြီးကို မျှော်လင့်ထား ပါတယ်။ ဦးလူမင်းတို့ ကိုယုန်လေးတို့ ဆိုရင် ဒီကားကို Plan ချထားတာ ကြာပြီ ပေါ့နော်။ ထားထက် ကတော့ ဒီကားရိုက်ဖို့ တစ်လတောင် မရှိသေးတဲ့ အချိန် ဖြစ်သွားပေမယ့်  အသေးစိတ်က အစ ပြင်ဆင်ရ ပါတယ်။ ထူးထူး ခြားခြား ဖြစ်အောင်လည်း ပြင်ဆင်ရ ပါတယ်။ ထားထက်ရဲ့ ဆံပင် အရှည်ကြီး ကိုတောင် ညှပ်လိုက် ရတယ်။ ကာရိုက်တာနဲ့ လိုက်ဖက် အောင်လို့ ပေါ့နော်။

 ဇာတ်ကား ထဲမှာ အက်ရှင်ခန်း တွေလည်း ပါတော့ ကျွမ်းဘားရုံမှာ ကျွမ်းဘားဆော့ရ ပါတယ်။ အဲဒါကိုလည်း လေ့ကျင့်ယူ ရတယ်။ ကိုယ်က ခရစ်ယာန် ဘာသာဝင် နေရာက ဆိုတော့ Sundayဆို ဘုရားကျောင်းသွား လေ့လာရတယ်။ ထားထက်က  ပရော်ဖက်ရှင်နယ် ရိုက်နေရတာ မဟုတ်ဘူး။ ပရောက်ဖက်ရှင် နယ်ကျကျ ရိုက်တာလည်း မဟုတ်တော့ ထားထက် မလုပ်ဘူးတဲ့ ကာရိုက်တာတွေ ချည်းပဲ။ အဲဒါကြောင့် ဘယ်ကာရိုက်တာ မဆို   လုပ်ကြည့် ချင်တယ်။ သရုပ်ဆောင် တစ်ယောက် ဖြစ်ပြီ ဆိုတာနဲ့ ထားထက် ကြိုက်တာက အလှအပကို ဦးစားပေး တာမျိုး မဟုတ်ဘဲနဲ့ သဘာဝကျတဲ့ မိန်းကလေး တစ်ယောက် ပုံစံမျိုး ပေါ့နော်။ သဘာဝကျကျ ဖြစ်မယ့် သရုပ်ဆောင် တစ်ယောက်လို ဖြစ်ချင်ပါတယ် ဟု ထားထက်က ပြောသည်။ ထားထက်ထက်သည် လူကြမ်း တစ်ယောက်ရဲ့ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top