iMyanmarHouse.com - Best Property Website for Myanmar
×














''ညီမအနေနဲ့ ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ ညီမ ဒီပြိုင်ပွဲကို ယှဉ်ပြိုင် ခဲ့တယ်။ ပြီးသွားပြီပေါ့ နော်။ ညီမမှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ အဲဒီ အတွက်လည်း ယှဉ်ပြိုင်ဖို့ အတွက် စဉ်းစားခဲ့တာပါ။ ညီမအနေနဲ့လည်း ဂျပန်မှာ သွားပြိုင်ရမယ့်လို့ မစဉ်းစား ဖြစ်ခဲ့ပါဘူး။ ညီမ အနေနဲ့ ကတော့ အတတ်နိုင်ဆုံး စွမ်းဆောင် သွားမှာပါ။

 ညီမမှာ အချိန်က သိပ်ပြီးတော့ မရှိတော့ပါဘူး။ တစ်လလောက်ပဲ အချိန်ရတော့မယ်။ ဒါပေမဲ့လည်း တစ်လဆို တစ်လ အချိန်ကို အကျိုးရှိရှိ အသုံးချပြီးတော့ ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မှာပါ။ ကိုယ့်ဆီ ရောက်လာတဲ့ အခွင့်အရေး တစ်ခုကို အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားမယ် ဆိုပြီး ညီမက လက်ခံ လိုက်တာပါ။

လက်ခံလိုက်ရတဲ့ အတွက်အများ ကြီးစဉ်းစားခဲ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်နိုင်ငံရဲ့ မျက်နှာစာ အနေနဲ့ သွားရမှာ ဖြစ်လို့ တာဝန်တွေ များပါတယ်။တော်တော်လေးကိုလည်း ကြိုးစား ခဲ့ရပါတယ်။ ညီမကတော့ ဆုတံဆိပ်ထက် ညီမ အစွမ်းကုန် ကြိုးစားမယ် ဆိုတဲ့ စိတ်နဲ့ ပြိုင်ဖို့ ဆုံးဖြတ်ထားတာပါ။ ညီမ ခွန်အားရှိသလောက်  ကိုယ့်နိုင်ငံ အတွက်  ၀င်ရောက် ယှဉ်ပြိုင်မှာပါ''ဟု မေဘရဏီသော်က ပြောသည်။

 မေဘရဏီသော်သည် နိုဝင်ဘာလ (၁၁)ရက် တွင် ဂျပန်နိုင်ငံ ၌ ကျင်းပ ပြုလုပ်မည့် Miss Internationa 2014  ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ယခုလ (၂၇) ရက်တွင် ထွက်ခွာရမည် ဖြစ်ကြောင်း သိရသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top