iMyanmarHouse.com - Best Property Website for Myanmar
×








အလုပ်မှ အီးမေးများကို အိမ်တွင် ဖွင့်ဖတ်ခြင်း နှင့် ပိတ်ရက် များတွင် အလုပ်ရှင် နှင့် ဖုန်းပြောခြင်း
 များမှာ ကျန်းမာရေးကို ထိခိုက် စေကြောင်း ကျွမ်းကျင်သူများက သတိပေး ပြောကြားခဲ့သည်။
 အလုပ်ချိန် ပြင်ပမှာပင် အလုပ်မှ အီးမေးများကို ဖတ်နေရခြင်းက ကျန်းမာရေး အပေါ် သက်ရောက်
မှုကို သိနိုင်စေရန် ဂျာမနီမှ သုတေသန ပညာရှင် များသည် ဥရောပ တစ်ဝန်းမှ လူပေါင်း (၅၇၀၀၀) ကို လေ့လာခဲ့သည်။

 အားလပ်ချိန် ဖြစ်သည့် ညနေခင်း များနှင့် အလုပ် ပိတ်ရက်များမှာ အနား မယူနိုင်ဘဲ အလုပ် လုပ် နေသူများသည် အိပ်မပျော် သည့် ရောဂါ၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းလျမှု၊ စိုးရိမ် လွန်ကဲမှု
 နှင့် အစာအိမ် ရောဂါများကို ကြုံတွေ့ရလေ့ ရှိကြောင်း လေ့လာ သိရှိရသည်။

  ကြွက်သား နှင့် သက်ဆိုင်သော ရောဂါများ နှင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများမှာ အလုပ်ချိန်
 ပြင့်တွင် အလုပ် လုပ်ခြင်း နှင့် ဆက်စပ် နေကြောင်း သိရှိရသည်။  လေ့လာမှု စစ်တမ်းကို  Chro-nobiology International ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

 နည်းပညာ တိုးတက် လာမှုကြောင့် ဆက်သွယ်ရေး စနစ်များ ပိုကောင်းမွန်လာကာ အလုပ် နှင့် လက် မပြတ်သည့် အဖြစ်မျိုး နှင့် ကြုံလာရပြီး စိတ်ဖိစီးမှုကို ပိုများ လာစေလျက် ရှိသည်။ အားလပ်ချိန်ကို အားလပ်ချိန် အဖြစ်သာ ရှိစေသင့်ပြီး ဆုံးရှုံး သွားသော အားလပ်ချိန်ကို ပြန်လည် ဖြည့်ဆည်းဖို့ ဆိုသည်မှာ ဖြစ်နိုင်ခြေ နည်းကြောင်း စစ်တမ်း အဖွဲ့ ခေါင်းဆောင် ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ
 အထူး ကျွမ်းကျင်သူ ဒေါက်တာ အန်နာ အာလင်းဟတ်စ် က ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top