iMyanmarHouse.com - Best Property Website for Myanmar
×









ကိုယ်ဝန်ဆောင်စဉ် လိုအပ်သည်ထက် ပိုစားခြင်းမှာ ကလေး အတွက် ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း နှစ်ယောက်စာစားခြင်းမှာ လက်ခံရမည့် ကိစ္စဖြစ်သော်လည်း လိုအပ်သည်ထက် ပိုမစားသင့်ဘဲ တစ်နေ့လျှင် ကယ်လိုရီ ၃၀၀ ပါဝင်သော အစား အစာများ စားပေးရန် လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြော သည်။

ထိုပြင် အစားအစာကို ထိန်းထိန်းသိမ်းသိမ်းစားခြင်းကလည်းကလေးရော မိခင်ကိုပါ ကျန်းမာစေမည် ဖြစ်သည်။ ကိုယ်ဝန်စရှိသည့်ပထမလအနည်းငယ်အတွင်း နံနက်ပိုင်း မအီမသာဖြစ်ခြင်းကြောင့် အစားများများ စားနိုင်မည်မဟုတ်သော်လည်း ယင်းကာလလွန်မြောက်သည်နှင့် ကိုယ်ဝန်ဆောင်များ သောက်ရမည့် ဗီတာမင်ဆေးများနှင့် အတူ မျှတသော အစားအသောက်များ စားပေးသင့်သည်။

အကယ်၍ အစားအသောက် တစ်မျိုးမျိုးက သင့်ကို မအီမသာ ဖြစ်စေသည်ဆိုပါက ယင်းအစားအစာကို ရှောင်လိုက်ပါ။ ကျန်းမာစေသော အစားအသောက်ဖြစ်သောကြောင့် မဖြစ်မနေ အတင်းမစားပါနှင့်။

ကိုယ်ဝန်ဆောင်များ ပုံမှန်စားသင့်သော အစားအစာများတွင် သဘာဝဆန်၊ ဂျုံ၊ ပြောင်း၊ ပဲ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ ခြံမွေးတိရစ္ဆာန်အသားများ၊ နို့ထွက်ပစ္စည်းများ၊ အသားများ၊ ငါးများနှင့် အခွံမာသီးတို့ကဲ့သို့  ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ ပေါင်းစပ်ပါဝင်သင့်သည်။

ဆန်၊ နှံစားသီးနှံနှင့် ဂျုံဖြင့်လုပ်သော စားစရာတို့ကဲ့သို့ အမျှင်ဓာတ် ပါဝင်သည့် အစားအစာများကို ကိုယ်ဝန်ဆောင်များ ပိုစားသင့်သည်။ သင်စားသော အစားအသောက်တွင် လုံလောက်သော ကယ်လ်စီယမ် ဓာတ်ပါဝင်ရန်လည်း လိုအပ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများ စားပေးရန် အလွန်အရေးကြီးသည်။ နောက်ထပ် မဖြစ်မနေ စားပေးရမည့် ဓာတ်တစ်မျိုးမှာ သံဓာတ်ဖြစ်သည်။ သင်၏ အစားအသောက်စာရင်းတွင် ဒေါက်ခွရွက်နှင့် ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်ရန် လိုသည်။ အခြားစားပေးရမည့် အရေးကြီးသော အစားအစာများတွင် ဗီတာမင်စီဓာတ်အတွက် သင်္ဘောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဖောလစ်အက်စစ်အတွက် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် ပဲတောင့်ရှည်၊ ဗီတာမင်အေအတွက် မုန်လာဥ၊ ကန်စွန်းဥနှင့် တရုတ်ဆီးသီးတို့ ဖြစ်သည်။ 

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top