iMyanmarHouse.com - Best Property Website for Myanmar
×









အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှုတွေကနေတစ်ဆင့် နှလုံးထိခိုက်မှုတွေ ပိုပြီး ဖြစ်နိုင်တယ်လို့ သုတေသနအသစ်တစ်ခုအရ သိရပါတယ်။အမျိုးသမီး အများစု ဟာ စိတ်ဖိစီးမှုတွေကနေ ပထမဦးဆုံး သွေးခဲတဲ့ အနေအထားကို ရောက်ရှိ သွားပါတယ်။ နော
က်တော့ အဲ့ဒီသွေးခဲတွေဟာ သွေးလွှတ်ကြောတွေကို ပိတ်လိုက်ပြီး နှလုံးရောဂါ ဖြစ်အောင် ဦးတည်ပေးလိုက်ပါတယ်။ အရင်သုတေသနတစ်ခုမှာတော့ စိတ်ဖိစီးမှုတွေ ဟာ ကျန်းမာရေး
မကောင်းတဲ့ အမူအကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း ၊အရက်သောက်ခြင်း နဲ့ အစားအေ
သာက် လွန်ကျူးခြင်း တို့ကနေလည်း ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

စိတ်ဖိစီးမှုတွေဟာခန္ဓာကိုယ်ရဲ့ ဟော်မုန်းတစ်မျိုးကိုများပြားစေပြီးထိုဟော်မုန်းဟာ သွေးဖိအားနဲ့
 နှလုံးခုန်နှုန်းတို့ကို လည်း မြင့်တက်စေတယ်လို့ သိရပါတယ်။ အဲဒီလိုမြင့်တက်လာတဲ့အခါမှာ
 နှလုံးဟာခန္ဓာကိုယ်အနှံ့မှာ သွေးကြောတွေလည်ပတ်ဖို့ခက်ခက်ခဲခဲအလုပ်လုပ်ရပါလိမ့်မယ်။
 နောက်ဆုံးမှာတော့ နှလုံးထိခိုက်မှုတွေ ဖြစ်လာပါလိမ့်မယ်လို့ ဆိုပါတယ်။

နှလုံးရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ လူသေစေမှုတွေ ဆက်တိုက်ဖြစ်လာစေခဲ့ပါတယ်။ များသော အားဖြင့် သေဆုံးမှုတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရပြီး အသက် ၅၀ အရွယ်တွေမှာတော့ အမျိုးသား၊ အမျိုးသမီး အခြေအနေချင်း တူညီနေတယ်လို့ သိရပါတယ်။

Credit :  Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top