iMyanmarHouse.com - Best Property Website for Myanmar
×



 ဟောင်ကောင်နိုင်ငံတွင် ကျင်းပနေသည့်အာရှသားများသာယှဉ်ပြိုင်ရသည့် မစ္စတာအာရှ  ပြိုင်ပွဲသို့  မြန်မာကိုယ်စားပြု ယှဉ်ပြိုင်နေသည့်မစ္စတာ အာရှမြန်မာ Kharrau အွန်လိုင်းမဲရလဒ်ဖြင့် ရွေးချယ်မည့်ဆုကိုလက်ရှိ မဲအများဆုံးဖြင့် ဦးဆောင်နေကြောင်း အောက်တိုဘာ ၁၂ ရက်တွင်Miss Golden Land Myanmar အဖွဲ့အစည်းမှ ကိုဝေယံအောင်က
ပြောဆို သည်။

အဆိုပါဆုအတွက် လက်ရှိတွင် မြန်မာကိုယ်စားပြု Mr.Kharraဦးဆောင်နေခြင်းဖြစ်သော်လည်း မဲပေးနိုင်သည့်ရက်မှာ အောက်တိုဘာ ၁၆ရက်အထိသာ ဖြစ်သည့်အတွက် ကျန်ရှိသည့် ရက်အနည်းငယ်အတွင်းဆက်လက်ဦးဆောင်နိုင်စေရန် မဲပေးစေလိုကြောင်း ပြိုင်ပွဲဝင် Mr.Kharra
က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောဆိုထားသည်။

'ပြိုင်ပွဲရက်က အရမ်းနီးနေပြီဖြစ်လို့ ကျွန်တော် တောက်လျှောက်လေ့ကျင့်နေရတယ်။ ပင်ပန်းနေပေမယ့် ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်ပဲ သွင်းထားပါတယ်။ အခုပရိသတ်ကြီးရဲ့ စည်းလုံးတဲ့စိတ်နဲ့အားပေးမှုတွေကြောင့် ကျွန်တော်အွန်လိုင်းဆုမှာ အမြင့်ဆုံးဦးဆောင်နေပါတယ်။ ရက်က သိပ်မကျန်တော့တဲ့အတွက် ဒီအတိုင်း ဆက်လက်မဲပေးစေချင်ပါတယ်။ ပရိသတ်ကြီးပေးတဲ့အင်အားနဲ့ ကျွန်တော်အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ'ဟု မြန်မာကိုယ်စားပြု Mr.Kharra က ပြောသည်။


Voteပေးရန် ပေးထားသည့် http://www.hkatv.com/
events/mr_asia_2014/vote_mr_asia.php လင့်ခ်ကိုနှိပ်ပါက
တရုတ်စာများဖြင့်သာ ရေးသားထားသည့်အတွက် မဲပေးလိုသူများအခက်အခဲ
မရှိစေရန်တက်လာသည့် စာမျက်နှာ၏ ညာဘက်အပေါ်ဆုံးင်္ကခေနဘသသု
ကို နှိပ်ပြီး Log In အရင်ဆုံးဝင်ရမည်ဖြစ်ရာ ယင်းနောက် Khar Ra ပုံ
အောက်မှ အသည်းပုံလေးကို အနီရောင်ဖြစ်အောင် နှိပ်ရန်လိုအပ်ကြောင်း
သိရသည်။

အောက်ဆုံးတွင်ရှိသည့် ဘောက်စ်များထဲတွင် အင်္ဂလိပ်ဘာသာဖြင့်အစဉ်လိုက် နာမည်၊ မှတ်ပုံတင်နံပါတ် (သို့) နိုင်ငံကူးလက်မှတ်နံပါတ်၊အီးမေးလ်လိပ်စာ၊ဖုန်းနံပါတ်တို့ကို  ဖြည့်ရမည်ဖြစ်ပြီး အောက်ဆုံးမှလေးထောင့်
ဘောက်စ်ကို နှိပ်လိုက်ပါက မဲပေးမှုအောင်မြင်မည်ဖြစ်ကြောင်း ကိုဝေယံအောင်က ပြောသည်။ မဲပေးမှုကို တစ်နေ့လျှင် တစ်ကြိမ်ပဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားပြု Mr.Kharra သည် စက်တင်ဘာ ၂၀ ရက်တွင်ဟောင်ကောင်၌ စခန်းသွင်းလေ့ကျင့်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ နောက်ဆုံး အဆင့်ပြိုင်ပွဲကို အောက်တိုဘာ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit : စံတော်ချိန်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top