iMyanmarHouse.com - Best Property Website for Myanmar
×









Harry Potter ဇာတ်လမ်း ကိုရေးသားခဲ့တဲ့ စာရေးဆရာမ JK Rowling ဟာ စကော့တလန်က သူမရဲ့ နေအိမ်ခြံဝင်းထဲမှာ မှော်ဆန်တဲ့ တဲအိမ် တစ်လုံးကို ဆောက်တော့မယ်လို့သိရပါတယ်။

စာရေးဆရာမ ဟာ Pertheshire ပြည်နယ် ၊ Aberfeldy မြို့နားမှာရှိပြီး ၁၉ ရာစု လက်ကျန် ၁၆၂ ဧက ကျယ်ဝန်းတဲ့  Killiechassie ခြံဝင်း ထဲမှာ ကျောက်တုံးတွေနဲ့ပဲ ဆောက်လုပ်မှာ ဖြစ်တယ် လို့သိရပါတယ်။

ထို မှော်ဝင် ဆန်တဲ့ တဲအိမ်ကိုဆောက်လုပ် မယ့် အစီအစဉ် ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ အပတ် ကမှ ဆောက်လုပ်ဖို့ခွင့်ပြုခဲ့တာဖြစ်ပြီး Rowling ဟာ အရင်တုန်းကလည်း သူမရဲ့ ခြံဝန်းထဲမှာ အခုဆောက်လုပ်မယ့်တဲအိမ်နဲပ ပုံစံတူ တဲ့ သစ်သားတဲအိမ် တစ်လုံးကိုဆောက်ခဲ့ဖူးပါတယ်။

JK Rowling ဟာ ထို ခြံဝင်းနဲ့ အိမ်ကိုတော့ ၂၀၀၁ ခုနှစ်က ဒေါ်လာ ၁.၉ သန်းနဲ့ ၀ယ်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်တဲ့ Dr Neil Murray နဲ့ လက်ထပ်ကာ ထို အိမ်မှာ အတူနေခဲ့ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top