iMyanmarHouse.com - Best Property Website for Myanmar
×

 ဟောင်ကောင်တွင် အောက်တိုဘာ ၁၇ ရက်ကပြုလုပ် ခဲ့သည့် Mr.Asia 2014 ပြိုင်ပွဲ၌  မြန်မာနိုင်ငံကိုယ်စားပြုသွား ရောက်ယှဉ်ပြိုင်ခဲ့သည့် ကာရာ (Khar Ra)သည် 2nd Runner Up ဆုနှင့်အခြားဆုလေးဆုရရှိခဲ့ပြီး အောက်တိုဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လာတော့မည်ဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားထားသည်။

‘‘ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေပါ။ အားလုံးကိုချစ် ပါတယ်။ မြန်မာနိုင်ငံကိုလည်းချစ် ပါတယ်။ ကျွန်တော် ဒီလ ၂၁ ရက်နေ့လယ်လောက်မှာပြန်လာမှာပါ။ အဲဒါကြောင့် ကျွန်တော့် ပရိသတ်တွေနဲ့ အဲဒီနေ့လေဆိပ်မှာ တွေ့ချင်ပါတယ်။ ပထမဆုံး ကျွန်တော့်မိဘနဲ့အန်တီ၊ ပြီးတော့ပရိသတ်တွေ၊ သူငယ်ချင်းတွေ အားလုံးကိုကျေးဇူးတင်ပါတယ်လို့။ အားလုံးကိုချစ်ပါတယ်’’ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါပြိုင်ပွဲတွင် ပေးအပ်သည့်ဆုတံဆိပ် ၁၀ ခုအနက် ရရှိလာသည့်ဆုငါးဆုမှာ Mr.Asia Second Runner Up, Viewers' ChoiceWinner (Mr.Popularity), Mr.Charismatic Award, Mr.Gor-geous Award နှင့်   Missosology's top Favourate တို့ဖြစ်သည်။

Mr.Asia 2014 ပြိုင်ပွဲကို ဟောင်ကောင်တွင် စက်တင်ဘာ၂၀ ရက်မှ အောက်တိုဘာ ၁၇ရက်အထိကျင်းပခဲ့ပြီး တရုတ်နိုင်ငံမှ ရှစ်ဦးနှင့် ကမ္ဘောဒီးယား၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့မှတစ်ဦးစီ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top