iMyanmarHouse.com - Best Property Website for Myanmar
×

ပိုင်ဆိုင်မှုများလေ ၊ ပြသနာများလေ ဆိုသလိုပါပဲ။ အထာအကျဆုံး ရပ်ပါတစ်ယောက် ဖြစ်လာသည်အထိ အောင်မြင်လာတဲ့ Iggy Azalea ဟာ လတ်တလော ထွက်ရှိထားတဲ့ ညစ်ညမ်းရုပ်ရှင်ကိစ္စ နဲ့ သူမရဲ့ လက်ရှိ အိမ်ထောင်ကွာရှင်းလိုက်ရတာတွေဟာ သူမ ကို အောင်မြင်မှုရဲ့ တန်ဖိုးအကြောင်း သိအောင် သင်ခန်းစာပေးလိုက်ပါပြီ။

အောက်တိုဘာ ၁၁ ရက်နေ့ညက “Fancy” သီချင်းနဲ့ ရေပန်းစာလာတဲ့ သြဇီ ရပ်ပါမ Iggy Azalea နဲ့ သူမရဲ့ သူငယ်ချင်းတစ်ယောက်တို့ဟာ လော့အိန်ဂျလိစ်မြို့က ကုန်စုံဆိုင် စတိုး တစ်ခုမှာ ဈေးဝယ်နေစဉ် ဓါတ်ပုံဆရာ ပါပါရာဇီတစ်ယောက်ဟာ Iggy Azalea ကို ဓါတ်ပုံလိုက်ရိုက်ခဲ့ ပါတယ်။ အဲဒီအခါမှာ ဈေးဝယ်ရတာ အဆင်မပြေလို့ ဒေါသထွက်နေတဲ့ Iggy Azalea ဟာ အဲ့ဒီ ပါပါရာဇီကို “နင် အီဘိုလာရောဂါ ဖြစ်ပါစေလို့ ငါဆုတောင်းတယ်၊ နင်သေပါစေလို့ ငါဆုတောင်းတယ်” လို့ ကျိန်ဆဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top