iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာကျော် ပေါ့ပ်အဆို ရှင်များအဖွဲ့ One Direction သည် ဗြိတိန်နိုင်ငံ၏ အသက် (၃၀) နှစ်အောက် အချမ်းသာဆုံး လူငယ်ကျော်ကြားသူများဖြစ် သည်ဟု ဗြိတိန် Heat မဂ္ဂဇင်းက ဖော်ပြသည်။

One Direction အဖွဲ့သည် ချမ်းသာကြွယ်ဝမှုစုစုပေါင်း ပေါင် ၇၇  ဒသမ ၅၂ သန်းရှိပြီး ဗြိတိန် နိုင်ငံ၏ အသက် (၃၀) နှစ်အောက် အချမ်းသာဆုံး ကျော်ကြားသူများ စာရင်း၌ ၂ နှစ်ဆက်တိုက် ထိပ် ဆုံးမှ ရပ်တည်ခဲ့သည်ဟု Heat မဂ္ဂဇင်းက ပြောသည်။

Harry Potter သရုပ်ဆောင် မင်းသား ဒန်နီယယ်ရက်ကလစ် သည် ပေါင် ၆၃ ဒသမ ၅ သန်း ဖြင့် ၂ နှစ်ဆက်တိုက် ဒုတိယနေ ရာ၌သာ ရပ်တည်ခဲ့ပြီး ၎င်း၏ နောက်တွင် Twilight သရုပ် ဆောင်မင်းသား ရောဘတ်ပတ် တင်ဆန်က ပိုင်ဆိုင်မှုပေါင်း ပေါင် ၅၁ ဒသမ ၄၁ သန်းဖြင့် တတိယနေရာရရှိခဲ့သည်။

အသက် (၂၂) နှစ်အရွယ် မော်ဒယ် ကာရာဒယ်လဗင်းသည် ဗြိတိန်နိုင်ငံ၏ အသက် (၃၀)နှစ် အောက် အချမ်းသာဆုံး ကျော် ကြားသူများစာရင်းထဲသို့ အမြင့် ဆုံးပိုင်ဆိုင်မှုဖြင့် အသစ်ဝင် ရောက်လာသော ကျော်ကြားသူ ဖြစ်သည်ဟု Heat မဂ္ဂဇင်းက ဖော်ပြသည်။ 

Credit : 7Day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top