iMyanmarHouse.com - Best Property Website for Myanmar
×














တစ်ခါတစ်လေ ကိုယ်ပြောတဲ့ပုံစံကတစ်မျိုး၊ ဆံပင်ညှပ်ဆရာက ညှပ်ပေးလိုက်တာက တစ်မျိုးဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်လည်း ကိုယ်ကလိုက်မယ်ထင်ပြီး ညှပ်လိုက်မိရာက ကိုယ့်မျက်နှာနဲ့မလိုက်တဲ့ ဆံပင်ပုံစံတစ်ခု အဖတ်တင်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆံပင်ပြန်ရှည်မလာမချင်း စိတ်ညစ်နေမယ့်အစား ကိုယ့်ဆံပင်ကို ဘယ်လိုအမိုက်စားဖြစ်အောင် အလှဆင်မလဲဆိုတာကို တွေးကြည့်လိုက်ပါ။

၁။ဆံပင်မှာ ဆင်မြန်းနိုင်မယ့် အဆင်တန်ဆာလေးတွေ စဉ်းစားပါ။

ခု ညှပ်ထားတဲ့ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ကလစ်၊ ဘီးကုတ်၊ ဖဲကြိုးစတာလေးတွေနဲ့ အလှဆင်လိုက်ပါ။ ရှေ့ဆံပင်က မညီမညာညှပ်လိုက်မိတာဆိုရင်လည်း ဆံပင်ကို လစ်ယူလိုက်ပြီး ခေါင်းပေါ်မှာ ကလစ်လေးထိုးထားလိုက်လို့ ရတယ်လေ။ အထာကျမယ့် အဆင်တန်ဆာတွေ နည်းနည်းစုဆောင်းလိုက်ရင် အိုကေသွားပါလိမ့်မယ်။

၂။ဆံပင်ကို ကောက်နိုင်၊ ဖြောင့်နိုင်တဲ့ Hair Tool တွေနဲ့ အပြောင်းအလဲကို ဖန်တီးကြည့်ပါ။

ဘယ်လောက်တိုတဲ့ဆံပင်ပဲဖြစ်ဖြစ် အပူချောင်းနဲ့ ကောက်တာ၊ ဖြောင့်တာတော့ လုပ်နိုင်ပါတယ်။ နည်းနည်းလေးရှည်ရင် လှိုင်းတွန့်ပုံစံလုပ်ကြည့်တာမျိုး၊ နည်းနည်းတိုတယ်ဆိုရင်တော့ ဆံပင်ကို အကြေကောက်ပုံစံပွပွလေး လုပ်လိုက်တာမျိုးလေးတွေ စမ်းလုပ်ကြည့်ပါ။

၃။ဆံထုံးအတု၊ ကျစ်ဆံမြီးအတုလေးတွေကလည်း သင့်ကိုစတိုင်ကျစေပါတယ်။

ခုနောက်ပိုင်း ဦးခေါင်းရဲ့ထိပ်၊ ငယ်ထိပ်နားမှာ ဆံထုံးတုလေးတွေ တပ်ပြီး ချစ်စရာကောင်းတဲ့ ကောင်းမလေးပုံစံ ဖန်တီးကြည့်လို့ရပါပြီ။ ရှေ့ဆံပင်လေးချ၊ ကျန်တဲ့ဆံပင်အားလုံးကို စုစည်းပြီး ထိပ်နားမှာ အလုံးလေးဖြစ်အောင် စုထုံးလိုက်ကာ အပေါ်က ဆံထုံးတုလေးနဲ့ ဖုံးလိုက်ရုံပါပဲ။ ဒါ့အပြင် ကျစ်ဆံမြီးအတုလေးတွေလည်း ပေါ်နေပြီမို့ ပျိုမေတွေအတွက် ခေါင်းသိပ်စားစရာ မလိုတော့ပါဘူး။

၎။ဆံပင်ဆက်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ခုနောက်ပိုင်း ပေါ်လာတဲ့ ဆံပင်ဆက်နည်းမျိုးစုံထဲက ကိုယ့်စိတ်ကြိုက် ဆက်နည်းကို ရွေးချယ်လိုက်ရုံပါပဲ။ ကိုယ့်အိမ်မှာပဲ ဆံပင်ဆက်တဲ့နည်းကို သုံးမလား၊ ဒါမှမဟုတ် ဆိုင်မှာသွားဆက်တဲ့နည်းကို သုံးမလား၊ ကြိုက်တဲ့ကာလာနဲ့ အတိုအရှည်ကိုပါ ရွေးလာနိုင်ပြီဆိုတော့ ပျိုမေတို့အတွက် အဆင်ပြေပြီပေါ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top