iMyanmarHouse.com - Best Property Website for Myanmar
×








Batman ဇာတ်လမ်းထဲက လူငယ်တွေ အသည်းစွဲ ဇာတ်ဆောင်ဖြစ်တဲ့ Joker ဇာတ်ရုပ်ကို Warner Bros က အပြောင်းအလဲ လုပ်ဖို့ စီစဉ်နေပါတယ်။ အရင် Dark Knight ဇာတ်လမ်းမှာတုန်း က Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Heath Ledger ကတော့ ရွှေ တံဆိပ်ဆုတွေ ရခဲ့ပါပြီ။

ဒီတစ်ခေါက် အသစ်ထုတ်လုပ်မယ့် Suicide Squad ဆိုတဲ့ DC Comic ရဲ့ ကာတွန်းပေါ် အခြေခံပြီး ပြန်လည်ရိုက်ကူးမယ့် Batman ဇာတ်လမ်း အသစ်မှာတော့ အော်စကာဆုရှင်တစ်ယောက်ဖြစ်တဲ့ 30 seconds to Mars အဖွဲ့မှ Jared Leto ကို Joker အဖြစ် သရုပ်ဆောင်စေဖို့ Warner Bros ကုမ္မဏီ ကစီစဉ်နေပါတယ်။

အမှန်တော့ Jared Leto ဟာ Marvel ရဲ့ Doctor Strange ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်ခဲ့တာပါ။ ဒါပေမယ့် Joker အတွက် ဦးစွာလျာထားခဲ့တဲ့ မင်းသား Ryan Gosling ဟာ ပါဝင်သရုပ်ဆောင်ဖို့ ဆန္ဒ မရှိတဲ့အတွက် Jared Leto က Joker နေရာအတွက် ပစ်မှတ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Margot Robbie၊ Tom Hardy နဲ့ Will Smith တို့ကတော့ ထိုဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ သေချာ နေပြီလို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top