iMyanmarHouse.com - Best Property Website for Myanmar
×











နယ်ပရိသတ်များ ကြိုက်နှစ်သက်သည့် အက်ရှင်မင်းသား ဂျွန်ဂို(ခ) ချစ်မိုးအောင်သည် ယမန်နေ့ နံနက် (၄)နာရီ အချိန်က ဦးနှောက် အမြှေးပါးရောင် ရောဂါဖြင့် နေအိမ်၌ ကွယ်လွန် ခဲ့ကြောင်း သရုပ်ဆောင် ဂျွန်ဂို၏ ယောက်ဖ တော်စပ်သူ သရုပ်ဆောင် နေထူးနိုင်က ပြောသည်။

သရုပ်ဆောင် ဂျွန်ဂိုသည် ကွယ်လွန်ချိန်တွင် အသက် (၂၇) နှစ်ရှိပြီး အစ်မ ဖြစ်သူ သရုပ်ဆောင် အဆိုတော် မြသင်းချယ်နှင့် အတူ နေထိုင်လျက် ရှိပြီး အနုပညာ လုပ်ငန်းများကို လုပ်ကိုင် ခဲ့ကြောင်း သိရသည်။

''ဂျွန်ဂိုက အိမ်မှာပဲ ဆုံးတာပါ။ ရောဂါ ဖြစ်တာကို လွန်ခဲ့တဲ့ နှစ်လလောက်ကမှ သိတာ။ အဲဒါကြောင့် ကားရိုက်တွေ နားထား ပါတယ်။ ဂျွန်ဂိုက ကျွန်တော့်ဇနီး မြသင်းချယ်ရဲ့ မောင်ပါ။ သူတို့က မောင်နှမ နှစ်ယောက်ပဲ  ရှိတယ်။ သင်္ဂြိုဟ်တာကိုတော့ တနင်္ဂနွေနေ့မှာ ရေဝေးမှာ သင်္ဂြိုဟ်ပါမယ်။ ကျွန်တော်တို့ လည်း နယ်ဘက်ကို သွားနေတာ။ သိသိချင်း ရန်ကုန်ကို ပြန်လာတာပါ။  သူနဲ့ ပတ်သက်ပြီး   ၀မ်းနည်း စကားကိုတော့ ခုချိန်မှာ မပြောချင်သေးဘူး'' ဟု နေထူးနိုင်က ပြောသည်။

ဂျွန်ဂိုသည် ရန်ကုန်မြို့၊ ကျောက်မြောင်း ရပ်ကွက်၊ အင်းဝလမ်းအမှတ် (၃၃) တွင် နေ ထိုင်ခဲ့ကြောင်း၊ ဂျွန်ဂိုအား လာမည့် နိုဝင်ဘာလ(၂) ရက်နေ့ နေ့လယ်(၂) နာရီ အချိန်တွင် ရေဝေး သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်းသိရသည်။

ဂျွန်ဂိုသည် အနုပညာလောကတွင် အက်ရှင် ဇာတ်ကြမ်းကား များစွာ ရိုက်ကူး ခဲ့သူ ဖြစ်ပြီး  ပရိသတ်များ  ကြိုက်နှစ်သက်သည့် အက်ရှင်မင်းသား တစ်ဦးလည်း ဖြစ်သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top