iMyanmarHouse.com - Best Property Website for Myanmar
×

'မပန်က ဇာတ်လမ်းတွဲကို ပထမဆုံး စ ရိုက် ဖြစ်တယ်။ ရှေ့နေမ ပုံစံ  သရုပ်ဆောင် ရတယ်။ မပန် ရိုက်ခွင့် ရခဲ့တဲ့ ဇာတ်လမ်းတွေ ကလည်း အများကြီး တန်ဖိုး ရှိပါတယ်။ မပန်တို့ ရဲ့ မြန်မာပြည်မှာ ဥပဒေကို မသိ နားမလည်သေးတဲ့ သူတွေ အများကြီး ရှိပါတယ်။ မသိဘဲ ခံရတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဒီဇာတ်ကားလေး လာလို့ ကြည့်ဖြစ်ရင် တရားဥပဒေ ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် သိသွားမယ်။ 

မပန်ကတော့ ဒီဇာတ်ကားလေးကို ရိုက်ခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ပရိသတ် အတွက်လည်း အများကြီး အထောက်အကူပြုမယ့်ကား ဖြစ်လို့လည်း မပန် ကျေနပ်ပါတယ်။  အဓိက ကတော့ မပန်တို့ ကိုယ်တိုင်လည်း   Law  တွေကိုလေ့လာခွင့်ရတယ်။ Law နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရတယ်။ မပန်တို့ ပြောတဲ့ ဒိုင်ယာလော့တွေ၊ တော်ကီတွေက သာမာန် လက်တမ်း ပြောလို့ မရဘူး။ ရှေ့နေမ တစ်ယောက်ရဲ့ ပုံစံအတိုင်းကို ပြောရတယ်။ လွယ်လွယ်လေးပေမယ့် မပန်တို့ နားမလည်တဲ့  Law တွေကို ဒိုင်ယာလော့တွေ အတိုင်း ပြောရတယ်။ ပြောရရင်တော့ သာမန် စကားလုံးတွေ ဆိုပေမယ့် Law  အရ ပြောရတယ်။ မပန်တို့လည်း တော်တော်လေးကို သေချာ စဉ်းစားပြီး ပြောရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ မပန်တို့ ကတော့ ဒီဇာတ်လေး ကနေ Law နဲ့ ပတ်သက်တဲ့ ပညာတွေ ရပါတယ်''ဟု ဆုပန်ထွာက ပြောသည်။

ဆုပန်ထွာသည် နယ်ရှိုးပွဲများ ဆက်တိုက်  ဖျော်ဖြေ နေရပြီး ဒုတိယ အခွေ အတွက်လည်း  ပြင်ဆင် နေကြောင်း ပြောသည်။    

Credit : the Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top