iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယား သရုပ် ဆောင်မင်းသမီး    ပတ်ဂျင်ဟီး သည် နိုဝင်ဘာ ၆ ရက်  မွန်းလွဲ ၂ နာရီခန့်တွင် သမီးမိန်းကလေး ကို အောင်မြင်စွာ မွေးဖွားခဲ့သည် ဟု ပတ်ဂျင်ဟီး၏ အေဂျင်စီက နိုဝင်ဘာ ၇ ရက်တွင် Star N သ တင်းဌာနသို့ ပြောကြားခဲ့သည်။

သရုပ်ဆောင်ပတ်ဂျင်ဟီးနှင့် ၎င်း၏ သားဦးရင်သွေးလေးမှာ ကျန်းမာရေး ကောင်းမွန်ကြသည် ဟုလည်း အေဂျင်စီက ပြော သည်။

ပတ်ဂျင်ဟီးသည် သမီးက လေး မမွေးဖွားမီကပင် ၎င်း၏ ကလေးကို ‘နယ်ဒို’ ဟု ချစ်စနိုးအ မည်ပေးထားသည်ဟု သိရသည်။

ပတ်ဂျင်ဟီးတို့ ဇနီးမောင်နှံ သည် ဘောလုံးချစ်ပရိသတ်များ ဖြစ်ပြီး ပတ်ဂျင်ဟီးကိုယ်ဝန် ဆောင်ကာလ၌လည်း သန္ဓေသား က အလွန်ကန်သောကြောင့် ဘော လုံးသမား စီရော်နယ်ဒိုကို အစွဲပြု ၍ ၎င်းတို့၏ ကလေးအား ‘နယ်ဒို’ ဟု ချစ်စနိုးအမည်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သို့ရာတွင် ကလေး၏ အ မည်ရင်းကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

ပတ်ဂျင်ဟီးနှင့် ရှေ့နေတစ် ဦးဖြစ်သော ၎င်း၏ အမျိုးသားတို့ သည် သူငယ်ချင်းတစ်ဦး၏ မိတ် ဆက်ပေးမှုမှတစ်ဆင့် ရင်းနှီးချစ် ကြိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် မေ လတွင် လက်ထပ်ခဲ့ကြသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top