iMyanmarHouse.com - Best Property Website for Myanmar
×













ဟောလိဝုဒ် သရုပ်ဆောင်မင်းသား တွမ်ခရုဇ်သည် ကမ္ဘာပတ်၍ Mission: Impossible 5 ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ် ၎င်းအား အကူအညီပေးနေသော အသက် (၂၂) နှစ်အရွယ် အမ်မလီဆိုသူ လက်ထောက်မိန်းကလေးကို သဘောကျနေသည်ဟု UsWeekly သတင်းက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြသည်။

အသက် (၅၂) နှစ်အရွယ် တွမ်ခရုဇ်သည် အမ်မလီဆိုသူ မိန်းကလေးနှင့် အမြဲတမ်းနီးပါး ပရောပရည်လုပ်နေခဲ့ကြောင်းနှင့် ရိုက်ကွင်းမှ လူအများစုကလည်း အမ်မလီအပေါ် တွမ်ခရုဇ်၏ ဆက်ဆံပုံကို သတိပြုမိခဲ့ကြောင်း UsWeekly က ဖော်ပြခဲ့သည်။

‘‘ရိုက်ကူးရေးအားလုံးပြီးသွားရင် ဒိတ်လုပ်တဲ့အနေနဲ့ ညစာထွက်စားဖို့ တွမ်ခရုဇ်က အမ်မလီကို ပြောထားပြီးပြီ။ တစ်စုံတစ်ယောက်အပေါ် တွမ်ခရုဇ်အရမ်းသဘောကျတာမျိုးကို မမြင်ဖူးဘူး’’ ဟု သတင်းရင်းမြစ်တစ်ခုက UsWeekly သတင်းသို့ ပြောကြားခဲ့သည်။

တွမ်ခရုဇ်သည် ၂၀၁၂ ခုနှစ်တွင် ဇနီးဖြစ်သူ ကေတီဟုမ်းနှင့် လမ်းခွဲပြီးနောက်ပိုင်း မည်သည့် မိန်းကလေးနှင့်မျှ ချစ်ကြိုက်ခဲ့ခြင်းမရှိဟုလည်း UsWeekly သတင်းက ဖော်ပြသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top