iMyanmarHouse.com - Best Property Website for Myanmar
×










သစ်သီးတွေ၊ အသီးအရွက်တွေက စားကောင်းရုံတင် မဟုတ်ပါဘူး၊ အသားအရေ အတွက်လည်း အများကြီး အထောက်အကူ ပြုပါတယ်။ အသီးအရွက်တွေ အများကြီးရှိတဲ့ အထဲက အရေပြား အလှအပ ပညာရှင်တွေက ဒီအသီးအရွက် ငါးမျိုးကို အကောင်းဆုံး အနေနဲ့ ရွေးချယ် ပေးထားပါတယ်။

ဂရိတ်ဖရုသီး

            သင့်အသားအရေက အဆီပြန်တဲ့ အသားအရေ ဆိုရင် ဂရိတ်ဖရုသီးက အကောင်းဆုံးပါပဲ။ ဂရိတ်ဖရုသီးမှာ  Salicylic Acid ပါဝင်တာကြောင့် ၀က်ခြံ ပျောက်ဆေးတွေလိုပဲ ချွေးပေါက်တွေကို သန့်ရှင်း စင်ကြယ် စေပါတယ်။

သခွားသီး

            သခွားသီးရဲ့အအေးဓာတ်က ပင်ပန်း နွမ်းနယ်နေတဲ့ မျက်လုံးတွေနဲ့ ဖောင်းအစ်နေတဲ့ မျက်နှာ အသားအရေကို အားဖြည့် ပေးပါတယ်။ သခွားသီးမှာ ပါဝင်တဲ့  Silica က အသားအရေကို သန့်စင် ၀င်းပစေပါတယ်။ ဆေးတွေလိုပဲ ချွေးပေါက်တွေကို သန့်ရှင်း စင်ကြယ် စေပါတယ်။

စတော်ဘယ်ရီ

             စတော်ဘယ်ရီသီးက ဘယ်အသားအရေအတွက် မဆို သင့်တော်ပါတယ်။ သူက ချွေးပေါက်ကို သန့်စင် စေပါတယ်။ အထူးသဖြင့် အစေ့တွေက ဂျီးချွတ်ပေးပြီး ၀က်ခြံကို သက်သာ စေပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးတွေဟာ သွားတွေ ကိုလည်း ဖြူဝင်း စေပါတယ်။

ထောပတ်သီး

          ထောပတ်သီးမှာ Vitamin B နဲ့ Fatty Acid  တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီ့ ဓာတ်တွေက အသားအရေကို စိုပြေစေပါတယ်။

ဂိုဂျိဘယ်ရီ (Goji Berry)

         ဘယ်ရီသီးက နေလောင်ခြင်း နှင့် အခြားသော အရေပြား ပျက်စီးမှုများမှ ကာကွယ် ပေးပါတယ်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top