iMyanmarHouse.com - Best Property Website for Myanmar
×














ရှေးအခါက ဗာရာဏသီပြည်မှာ ဘုရားလောင်းဟာ ဗာရာဏသီမင်းကြီး၏ ပညာရှိအမတ်ဖြစ်ခဲ့သည်။ မင်းကြီး၏ ကောင်းကျိုးကို အမြဲဆောင်ရွက်တယ်၊ တာဝန်လည်း ကျေပွန်တယ်၊ ပညာအရာမှာလည်း ထူးချွန်တယ်။ ဒါကြောင့် မင်းက ဘုရားလောင်းအမတ်ကို အလွတ်မြတ်နိုးတယ်။ ဒါကို အခြားအမတ်တွေက ကိုယ့်ထက်သာ မနာလိုဖြစ်ပြီး အခွင့်သင့်ခိုက် မင်းနဲ့အမတ်ကြား ကုန်းချောကြတယ်။ ဒါပေမယ့် မင်းကြီး အပြစ်ရှာတာ မတွေ့ခဲ့ဘူး။ တစ်နေ့ ညီလာခံအပြီးမှာ မင်းကြီးက သူရဲ့အမတ်ကို ရန်သူနဲ့ မိတ်ဆွေ ဘယ်လိုခွဲခြားရမလဲ မေးတယ်။ ဘုရားလောင်းအမတ်ကလည်း ရင့်သန်ထက်မြတ်တဲ့ ပါရမီဥာဏ်ရှိသူဖြစ်လို့ မြင်ရုံ ကြားရုံ နဲ့ ရန်သူ မိတ်ဆွေ ဖော်ထုတ်နည်းကို ဟောပြောလိုက်တယ်။

ရန်သူ့လက္ခဏာ ဆယ့်ခြောက်ဖြာ
ရန်သူဆိုတာ ဒီလိုပါဟု မြင်ရုံကြားရုံဖြင့် သိနိုင်သော အချက် တစ်ဆယ့်ခြောက်ပါးကို အသေးစိတ်ရှင်းပြတယ်။ `အရှင်မင်းကြီး ရန်သူလို့ သတ်မှတ်ရမယ့် သူတွေရဲ့လက္ခဏာကတော့

(၁) မြင်မြင်ချင်း မပြုံးနိုင် မရွှင်နိုင်ဖြစ်မယ်။
(၂) မြင်မြင်ချင်း နှလုံးမသာမယာတွေ့ရမယ်။
(၃) မြင်မြင်ချင်း မျက်နှာလွှဲဖယ်ပြီး မမြင်ယောင် မတွေ့ယောင် ဆောင်မယ်။
(၄) ကိုယ်လုပ်သမျှ ဆန့်ကျင်ဘက်လုပ်မယ်။
(၅) ကိုယ့်ကို မုန်းတဲ့ရန်သူတွေကို မှီခို ပေါင်းဖော်မယ်။
(၆) ကိုယ့်မိတ်ဆွေကို သူရှောင်ရှားမယ်။
(၇) ကိုယ့်ကို ချီးမွမ်းတာကို မလိုမလား ဟန့်တားပိတ်ပင်မယ်။
(၈) ကိုယ့်ကို မကောင်းပြောဆိုသူကို ချီးမြှောက်အားပေးမယ်။
(၉) ကိုယ့်အား သူတို့၏ လှို့ဝှက်စကားကို သတင်းမကြား။
(၁၀) ကိုယ့်ရဲ့ လှို့ဝှက်စကားကို တခြားမှာ ဖြန့်လွှင့်မယ်။
(၁၁) ကိုယ်ပြုလုပ်တာ မှန်သမျှ ချီးမွမ်းမှုမရှိ အပြစ်တင်ပြောဆိုမယ်။
(၁၂) ကိုယ့်ရဲ့ ပညာဥာဏ်ကို မချီးမွမ်း။
(၁၃) ကိုယ့်စီးပွား ဆုတ်ယုတ်တာကို ၀မ်းသာမယ်။
(၁၄) ကိုယ့်စီးပွားတိုးတက်တာကို မလိုလား။
(၁၅) သူအစားကောင်းစားတဲ့ အခါ ကိုယ့်ကိုသတိမရ။
(၁၆) ကိုယ်ဆင်းရဲ ဒုက္ခရောက်တာကို သိပါလျက် မစောင့်ရှောက်ပဲနေမယ်။ ဒါတွေဟာ ကိုယ့်ကိုမုန်းတီး။ အကျိုးမလိုလားတဲ့ ရန်သူရဲ့စရိုက်တွေပါပဲ။´

မိတ်ဆွေလက္ခဏာ သည်နည်းနာ `ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်ရဲ့ အကျိုးကို လိုလားတဲ့ မိတ်ဆွေ ဟုတ်မဟုတ် လွယ်လွယ်ကူကူ သိနိုင်တဲ့အချက်တွေကိုလဲ အရှင်မင်းကြီးနာယူပါလော့´

(၁) ကွဲနေကွာနေပေမယ့် မကြာခဏသတိရတတ်တယ်။
(၂) တွေ့လျှင် အားရ၀မ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်။
(၃) ကိုယ့်ရဲ့ ကြည်လင် ရွှင်ပြ အေးချမ်းမှုကို အမြဲလိုလားမယ်။
(၄) ကိုယ့်ရဲ့စကားကို စိတ်ဝင်တစားကြားနာ နှစ်သက် ယုံကြည်မယ်။
(၅) ကိုယ့်ရဲ့ အပေါင်းအဖော် အသင်းအပင်းတွေကိုလဲ လက်ခံမယ်။
(၆) ကိုယ့်ရဲ့ ရန်သူတွေကို သူလည်းမပေါင်း။
(၇) ကိုယ့်အပေါ်မလိုမုန်းထား မကောင်းပြောတာတွေ့ရင် တားမြစ်မယ်၊
(၈) ကိုယ့်အား ကျေးဇူးတုံ့လှယ်သူကို ချီးမွမ်းမယ်။
(၉) ကိုယ့်ရဲ့မိတ်ဆွေ အစစ်ဖြစ်တာမို့ သူ့ရဲ့လှို့ဝှက်စကားကို တိုးတိုးပြောကြားတိုင်ပင်မယ်။ (၁၀) ကိုယ့်ရဲ့လှို့ဝှက်အပ်တာ မှန်သမျှမပေါက်ကြား။ (၁၁) ကိုယ့်ရဲ့ ကောင်းတဲ့အလုပ်ကို အမြဲချီးမွမ်းမယ်။
(၁၂) ကိုယ့်ရဲ့ ဥာဏ်ပညာကို ချီးမြှောက်မယ်။
(၁၃) ကိုယ့်ရဲ့ စီးပွားတိုးတက်မှုကို ၀မ်းမြောက်မယ်။
(၁၄) ကိုယ့်ရဲ့ စီးပွားယုတ်လျော့တဲ့အခါ ထပ်တူစိတ်မကောင်းဖြစ်မယ်။
(၁၅) အစားကောင်းစားတိုင်းကိုယ့်ကို သတိရမယ်။
(၁၆) အရေးကြုံလာလျှင် ကိုယ့်ဘက်က အားပေးကူညီစောင့်ရှောက်မယ်။

ထူးပါပေ့ ထိုပညာ ထိုအခါ မင်းကြီးဟာ မြင်ရုံနဲ့ ရန်သူကိုဖြစ်ဖြစ် မိတ်ဆွေကို ဖြစ်ဖြစ် ခွဲခြားနိုင်တဲ့ အချက်အလက်တွေကို သိရတဲ့ အတွက် ဘုရားလောင်းသုခမိန်အပေါ် ကျေးဇူးဥပကာ ထက်သန်စွာနဲ့ ဆုလာဘ် စည်းစိမ်မြောက်များစွာ ချီးမြှောက်တော့တယ်။ မြတ်ပါပေ့ ဒီတရား တရားဓမ္မရှာမှီးတဲ့ လူသားတွေမှာလဲ ဆရာထူး၊ ဆရာမြတ်၊ ဆရာကောင်း မိတ်ဆွေထူး ၊ မိတ်ဆွေမြတ် မိတ်ဆွေကောင်းတို့ထံ ချဉ်းကပ်ရမယ် ရန်သူထူး ရန်သူယုတ် ရန်သူဆိုး တို့ကို မြင်ရုံကြားရုံနဲ့ အဝေးက ရှောင်ရှားရမှာဖြစ်တယ်။ လူမိုက်ကို မမှီဝဲရပါလို့ မိန့်မှာထားတဲ့ မြတ်စွာဘုရားရဲ့မင်္ဂလာ တရားတော်နဲ့လည်း ကိုက်ညီပေသည်။ ထိုကဲ့သို့ မိတ်ဆွေကောင်းတွေကို ချဉ်းကပ်မှီဝဲဖို့အတွက်ဆိုရင် မိတ်ဆွေရန်သူတို့ကို မြင်ရုံကြားရုံနဲ့ ခွဲခြားသိနိုင်ရပေမည်။

Credit : နည်းစနစ်ကျကျအတွေးအခေါ်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top