iMyanmarHouse.com - Best Property Website for Myanmar
×











Pop သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သည့်  နေနေက  မြန်မာနိုင်ငံတွင် အဆိုတော်များ ဆိုလေ့ သိပ်မရှိသည့် Jazz  ဂီတ အမျိုး အစားများကို ပရိသတ် အတွက် တင်ဆက်ပေးချင်သည့် ဆန္ဒများရှိ နေကြောင်း ပြောသည်။

Jazz  ဂီတကတော့ အစ ကတည်းက ကြိုက်ပါတယ်။ အရင်တုန်းက သိပ်တော့ နားမထောင်ဖြစ်ဘူး။ ဒါပေမဲ့  နောက်ပိုင်း ထွက်လာတဲ့  အဆိုတော်တွေ၊ ပြည်ပမှာရော ပြည်တွင်းမှာ ရော ဆိုလာ ကြတယ်။ အရမ်းကြီးတော့ ခေတ်မစားသေး ဘူးပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆိုလာကြ တော့လည်း နေနေက နေနေ  ပရိသတ်ကို နားထောင်စေချင်တယ်။ ခေတ်ရေစီးကြောင်း အရပေါ့။ ခေတ်လူငယ်တွေ ကလည်း အများကြီးပဲ၊ အလွှာ မျိုးစုံ ရှိတယ်လေ။ အသက်မျိုးစုံ ရှိတယ်၊ အဲဒါကြောင့်ပါ။ နေနေရဲ့ Second Solo ထဲမှာလည်း Jazz သီချင်းလေးတွေ လုပ်ထားတယ်။ နေနေချပြ ချင်တဲ့ အရာလေး တွေကို ချပြထား တာပေါ့။ နေနေက Pop ဆိုနေကြ ဆိုပေမယ့် Jazz ပြောင်းဆိုနေ လိုက်တော့ အရမ်းကွာ သွားတာ မရှိပါဘူး။ ပြောရရင် Jazz  သီချင်းတွေ ဆိုရတာ ကြိုက်တယ်။ အရင်တုန်းက မဆိုခဲ့ဘူး။ အခုဆိုပြီး သွားတော့ ကြိုက်သွားတယ်။ နေက်ပိုင်းကြ ရင်လည်း Jazz သီချင်းလေး တွေ ဆိုဖြစ်မှာပါဟု နေနေက ပြောသည်။ နေနေသည် “နည်းနည်းလေးမှ မဝေးချင်ဘူး ၊ Audio CD ခွေကို ထွက်ထားပြီး ထိုအခွေထဲတွင် Jazz သီချင်း များလည်း ဆိုထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top