iMyanmarHouse.com - Best Property Website for Myanmar
×









၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ အကယ်ဒမီ ရွှေကြို (ယခင်- အကယ်ဒမီ ဗန်းကိုင်) အတွက် လျှောက်ထားလို သူများသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လျှောက်ထား နိုင်ပြီး ယခုနှစ်တွင် ယောက်ျားလေးများ ကိုလည်း ဘော်လံတီယာ အဖြစ် ကမ်းလှမ်း သွားမည် ဖြစ်ကြောင်း  အကယ်ဒမီဆု ပံ့ပိုးမှု ကော်မတီ အဖွဲ့ဝင် ဦးမြတ်ခိုင်က ပြောသည်။ ယခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် အကယ်ဒမီ ဗန်းကိုင် ဆိုသည့် အသုံးအနှုန်းကို  အကယ်ဒမီ ရွှေကြို ဟု ပြောင်းလဲခဲ့ပြီး ပုံမှန် မြင်နေကျ ပုံစံများနှင့် မတူအောင် အပြောင်းအလဲ ဖြစ်ချင်သည့် အတွက် ပုံစံများ ပြောင်းလဲခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အကယ်ဒမီ ဗန်းကိုင်ဖို့ စဉ်းစားရာမှာ ပထမဆုံး ဗန်းကိုင် ဆိုတဲ့ စကားလုံးကို အကယ်ဒမီ ရွှေကြိုလို့ ပြောင်းလဲခဲ့ ပါတယ်။  ဘာလို့လဲ ဆိုတော့ ယောက်ျားလေး တွေလည်း ပါဝင်လာမှ ဖြစ်လို့ ရွှေကြို ဆိုတာက ဧည့်ကြို သဘောမျိုးပေါ့။ မိန်းကလေး နှစ်ယောက်၊ ယောက်ျား လေးနှစ်ယောက် ထားမယ်။ ယောက်ျားလေးတွေ ဆိုတဲ့ နေရာမှာ ကျွန်တော်တို့က ဘော်လံတီယာ လုပ်တဲ့ သူကို ကမ်းလှမ်းမှာပါ။ လျှောက်ထားဖို့ မဟုတ်ပါဘူး။ ဒီလို ပြုလုပ်တာက အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်တာပါ ဟု ဦးမြတ်ခိုင်က ပြောသည်။ ၂၀၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲ အကယ်ဒမီ ရွှေကြို လျှောက်ထားလိုသူ များသည် ယခုလ (၄) ရက်နေ့မှ စ၍ လျှောက်ထား နိုင်ပြီး (၂၈) ရက် နောက်ဆုံး ထားပေးပို့ရမည် ဖြစ်ကြောင်း၊ အသက် (၁၆) နှစ်မှ (၂၂) နှစ်အတွင်း သတ်မှတ်ထားကြောင်း သိရသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top