iMyanmarHouse.com - Best Property Website for Myanmar
×











ဇာတ်ကား ရိုက်ကူးမှု အနည်းငယ်ကျဲ သွားသည့် အကယ်ဒမီ သက်မွန်မြင့်က ရင်သွေး လွယ်ထားရ သောကြောင့် ကားရိုက်များ နည်းသွားခြင်း ဖြစ်ပြီး၊ အနုပညာနှင့် ပတ်သက်လျှင် ခင်ပွန်း ဖြစ်သူ၏ အကြံဉာဏ်များ ယူ၍ လုပ်ဖြစ် နေကြောင်း ပြောသည်။

များသော အားဖြင့်တော့ အနုပညာ အလုပ်တွေကို သက်မွန်က ဆုံးဖြတ်ပါတယ်။ သက်မွန်ရဲ့ ခင်ပွန်း ကတော့ အကြံဉာဏ်ပေး ပါတယ်။ သူက လည်း အနုပညာကို ၀ါသနာ ပါတယ် ဆိုတော့လေ၊  သူက ရုပ်ရှင် တွေလည်း တအားကြည့်တယ်။ အဲတော့ ရုပ်ရှင်အကြောင်း၊ အနုပညာအကြောင်းကို အများကြီး နားလည်တယ်။  သက်မွန်ရဲ့  ရုပ်ရှင်ကားကြီးတွေကို ကြည့်ပြီးရင် ဘယ်နေရာမှာ ဘာလိုတယ် ဆိုတာကိုလည်း ပြောပေးတယ်။ အကြံဉာဏ် တွေပေးပါတယ်။ အခုက ကလေးလည်းရှိ နေတော့ ခဏနားဦး မှာပေါ့။ ရုပ်ရှင်ကားကြီးလည်း လက်ခံထား တာလည်း မရှိသေးပါဘူး။ သက်မွန် ကတော့ အိမ်ထောင်ကျ သွားပေမယ့် အနုပညာနဲ့ ပတ်သက်ရင်တော့ အပြောင်းအလဲ မဖြစ် သွားပါဘူး။ ပရိသတ်ပေါ်မှာ အမြဲတမ်း ဒီလိုပါပဲ။ ပရိသတ်အတွက်ကို တစ်ခုခု ရစေမယ်။ ဖျော်ဖြေမှုပဲ ဖြစ်ဖြစ်ပေါ့။ သက်မွန်က အနုပညာသည် ဆိုတော့ ဘာပဲဖြစ်ဖြစ် မျှတပြီး လုပ်ရမှာပေါ့နော်။ အခု သက်မွန်က အိမ်ထောင် သည်ဘ၀၊ အနုပညာသည် ဘ၀၊ မိခင်ဘ၀ ဆိုတာတွေ ဖြစ်လာတော့ မျှမျှတတ လုပ်ဖို့တော့ စဉ်းစားရမယ် ဟု သက်မွန်မြင့်က ပြောသည်။ အကယ်ဒမီ  သက်မွန်မြင့်သည် ကလေး မီးဖွားပြီးသည့် နောက်တွင် ဇာတ်ကားများကို ရွေးချယ်ပြီး ရိုက်ကူး သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဗီဒီယို ဇာတ်ကားများ ရိုက်ကူးနေကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top