iMyanmarHouse.com - Best Property Website for Myanmar
×











အိန်ဂျလီနာလို နှုတ်ခမ်းဖူးဖူးလေး လိုချင်တာလား၊ ဒါမှမဟုတ် နှုတ်ခမ်းသားပြည့်ပြည့်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းမျိုး ပိုင်ဆိုင်ချင်တာလား၊ Botox ထိုးစရာလည်း မလို၊ အပြင်သွားခါနီး နည်းနည်းအချိန်ပေး ပြင်ဆင်လိုက်ရုံနဲ့ သင်လိုချင်တဲ့ နှုတ်ခမ်းပုံစံမျိုး ဖြစ်သွားစေဖို့ ဒီအချက်လေးတွေက ကူညီပေးပါလိမ့်မယ်။

၁။ကွန်ဆီလာ နည်းနည်းလိမ်းလိုက်ပါ။

အများအားဖြင့် ဒီအချက်ကို ကျော်ပြီး တစ်ခြားအဆင့်တွေကစပြီး နှုတ်ခမ်းကို ပြင်ဆင်ခြယ်သကြတာ များပါတယ်။ ဒါကတော့ ထူးခြားချက် ဖြစ်ပါလိမ့်မယ်။ အောက်နှုတ်ခမ်းသား ထူထူလေးဖြစ်ဖို့ဆိုရင်ရင် အောက်နှုတ်ခမ်းရဲ့ အလယ်သားကို ကွန်ဆီလာနည်းနည်းလေး လိမ်းပေးဖို့ လိုပါတယ်။ ဒါဆိုရင်တော့ သင့်နှုတ်ခမ်းလေးက သာမာန်ထက် နည်းနည်းလေး ထူသွားပြီလေ။

၂။နှုတ်ခမ်းသားအပေါ်၊အောက် လိုင်းနည်းနည်းဆွဲပေးလိုက်ပါ။

ကိုယ်က နှုတ်ခမ်းသားကို ပြည့်ပြည့်ဖူးဖူးလေး လိုချင်တယ်ဆိုရင်တော့ လိုင်နာဆွဲဖို့ လိုကိုလိုပြီပေါ့။ ကိုယ့်ရှိရင်းစွဲ နှုတ်ခမ်းသားထက် နည်းနည်းလေး ပိုပြီး လိုင်နာလေးဆွဲလိုက်ပါ။ ဖြစ်နိုင်ရင် နှုတ်ခမ်းသားတစ်ဝိုက် လိုင်နာဆွဲပြီးသွားရင် ခဲတံတစ်ချောင်းယူပြီး လိုင်နာနဲ့ နှုတ်ခမ်းသားကြား ညီသွားအောင် ဖြည့်ပေးပါ။ ဒါဆိုရင် ကာလာထည့်လိုက်တဲ့အခါ အဆင်ပြေပြီပေါ့။

၃။ကာလာအနုလေးကို အရင်ဖြည့်ဆိုးပေးပါ။

ဒုတိယအဆင့်ပြီးသွားရင်တော့ မှောင်တဲ့ဘက်ရောက်တဲ့ ကာလာအရင့်တွေထက် သဘာဝကျတဲ့ ကာလာအနုလေးတွေဆိုပေးဖို့ လိုပါတယ်။ ကာလာအရင့်တွေက သင့်နှုတ်ခမ်းကို ပိုသေးသွားသလို ဖြစ်စေနိုင်တာကြောင့် အနုလေးတွေ ဆိုးပေးရင်တော့ ပိုကောင်းပါတယ်။

၎။နှုတ်ခမ်းသား တောက်ပအောင် Gloss ထပ်ပေးပါ။

သင့်နှုတ်ခမ်းသားလေး စိုစွတ်ပြီး ကြည့်ကောင်းနေစေဖို့ နှုတ်ခမ်းသားပိုထူသွားသလို ဖြစ်စေတဲ့ Gloss လေး ထပ်ပေးလိုက်ပါ။ ဆိုးတဲ့အခါ အောက်နှုတ်ခမ်းရဲ့ အလယ်သားလေးကို Gloss အကြည်ရောင်လေး ထပ်ပေးဖို့ပါတယ်။

၅။နှုတ်ခမ်းသားကို ကွပ်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ အားလုံးပြီးသွားပြီဆိုတာနဲ့ အပြီးသတ် နှုတ်ခမ်းသားကို ကွပ်ပေးဖို့ လိုပါတယ်။ သင်လိုချင်တဲ့ နှုတ်ခမ်းသားတစ်ဝိုက်ကို  ခပ်ထူထူဖြစ်စေဖို့အတွက် highlight stick လေးနဲ့ ကွပ်ပေးလိုက်ရုံပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top