iMyanmarHouse.com - Best Property Website for Myanmar
×



Scarf လို့ဆိုလိုက်တာနဲ့ လည်ပင်းမှာ အခွေလိုက်၊ အလိမ်လိုက် ပတ်ထားတဲ့၊ ဆောင်းရာသီမှာသာ ဆင်မြန်းနိုင်တဲ့ ဆွယ်တာသား Scarfတွေကို ပြေးမမြင်လိုက်ပါနဲ့။ ခုချိန်မှာ အဆင်အသွေးစုံ၊ ဒီဇိုင်းစုံ Scarf မျိုးစုံကို ဈေးကွက်ထဲ ရရှိနိုင်ပြီ ဖြစ်သလို Scarf ကို အသုံးပြုနိုင်တဲ့ နည်းပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပါပြီ။ အဲ့ဒီနည်းတွေထဲကမှ ပျိုမေတွေ အဆင်ပြေဆင်မြန်းနိုင်အောင် တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။လည်ပင်းမှာ ပတ်ထားစရာ မလိုပဲ ပုံမှာပြထားသလို တွဲလောင်းချထားချင်တယ်ဆိုရင်တော့ သင့်ရဲ့ scarf ဟာ သေးတဲ့အပြင် ဒီဇိုင်းပါတဲ့ဟာမျိုးဆို ပိုအဆင်ပြေပါလိမ့်မယ်။

၂။သင့်ရဲ့Scarf က အပွင့်အခက်၊ အရွက်လေးတွေနဲ့မို့ turban စတိုင်လ်မျိုးခေါင်းမှာ ပတ်ချည်ဆင်မြန်းချင်တယ်ဆိုရင်လည်း မိုက်တယ်နော်။ ခရီးသွားရင်း ၀တ်လို့ ပိုတောင်ကောင်းပါသေးတယ်။

၃။Scarf အသေးလေးဆိုရင်တော့ ခုလိုနာရီတွေ၊ လက်ကောက်၊ လက်ပတ်လေးတွေနဲ့အတူ ရောဝတ်လို့ရတယ်နော်။

၎။ပုံမှာပြထားသလို ခါးပတ်မှာ ထည့်လိမ်ချည်လိုက်တော့လည်း အထာကျတာပါပဲ။

၅။ခေါင်းမှာ ဘီးကုတ်သဖွယ် scarf ကိုအစားထိုး ဆင်မြန်းလို့ရပါသေးတယ်။ ရှေ့ဆံပင်အတိဆိုရင်လည်း ဘီးကုတ်ကုတ်တဲ့နေရာမျိုးမှာ scarf လေးကို ချည်လိုက်ရုံပါပဲ။

၆။Scarf ကို ခုလို ဆင်မြန်းတာမျိုးကတော့ ပွဲတက်ဆိုပိုအထာကျပါတယ်။ ဒီလို စတိုင်လ်မျိုးဆိုရင်တော့ ခါးပတ်အမိုက်စားလေးပါ ရှိမှရမှာနော်။

၇။လူသိများပြီး အလွယ်တကူ လည်ပင်းမှာ ပတ်လိုက်ရုံနဲ့ အထာကျသွားတဲ့ ဒီ scarf ပတ်နည်းကတော့ အားလုံးသိပြီး ဖြစ်မှာပါ။ ခုလို တီရှပ်ပေါ်မှာ ရှင်းရှင်းလေး ပတ်ထားတာလည်း ကြည့်ကောင်းတာပါပဲ။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...









 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top