iMyanmarHouse.com - Best Property Website for Myanmar
×










ဆဲလ်ဖုန်းအသုံးပြုတာ ဆယ်စုနှစ်၂ ခုလောက်သာရှိပါတယ်။ တခြားသော ပစ္စည်းများနည်းတူ ဆဲလ်ဖုန်းကို ကျွန်ုပ်တို့ အသုံးပြုကြတယ်။ ဒီဆဲလ်ဖုန်းတွေကို အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်တွေကို ယနေ့အချိန်ထိ ကြပ်ကြပ်မတ်မတ် စိစစ် လေ့လာထားခြင်း မရှိဖြစ်နေခဲ့ပါတယ်။ ဆဲလ်ဖုန်းအသုံးပြုခြင်းမှာ အသက်အရွယ် မရွေး လူအားလုံးအတွက် စနစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်ပြုနိုင်ဖို့ အသုံးပြုကြတယ်။ တွေ့တဲ့ လူတိုင်းနီးပါး ဖုန်းတစ်လုံးစီရှိကြတယ်။ ဒါကြောင့်လဲ ဒီအချက်အလက်တွေ ဝေမျှဖို့ အလွန်အရေးပါလာခဲ့တာပါ။

သာဓကအနေဖြင့် Grade 3 မှ 12 အထိ ပညာသင်ကြားနေကြတဲ့ ဆယ်ကျော်သက်/ကလေးအယောက် ၂၀,၀၀၀ ကျော် ပါဝင်တဲ့ Massachusetts Aggression Reduction Center (MARC) အဖွဲ့အစည်း မှပြုလုပ်တဲ့လေ့လာချက်တစ်ခုမှာ ဆိုရင် Grade 3 ကျောင်းသားတွေရဲ့ ၂၀% ရာခိုင်နှုန်းမှာ ဖုန်းတစ်လုံးစီရှိကြတယ်။ တန်းကြီးလာတာနဲ့ ဖုန်းပိုင်ဆိုင်တဲ့ရာခိုင်နှုန်းပိုများလာပြီး Grade 4 မှာ ၂၅% ၊ Grade 5 မှာ ၃၉% ၊ အလယ်တန်းမှာ ၈၃% ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။

ဒါ့ကြောင့် လေ့လာမှုတွေမှာ ဆဲလ်ဖုန်းဓာတ်ရောင်ခြည်ဖြာထွက်မှုကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ The International Agency for Research on Cancer (IARC) က ဆဲလ်ဖုန်း အပါအဝင် ရေဒီယိုထွက်လွင့်မှုလိုင်းတွေကို ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုအနေနဲ့ ၂၀၁၁ ခုနှစ်မှာ အတည်ပြုသတ်မှတ်ခဲ့ပါတယ်။ ဆဲလ်ဖုန်းအသုံးပြုခြင်းရဲ့ အန္တရာယ်တွေဟာ WHO ကျန်းမာရေးအဖွဲ့အစည်းမှ ဆဲလ်ဖုန်းရဲ့ ဓာတ်ရောင်ခြည်ကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း လက်ခံတည်ပြုပြီးတဲ့အချိန် ၂၀၁၁ ခုနှစ်မှာ အများရဲ့ယုံကြည့်လက်ခံနိုင်မှုကို ရရှိခဲ့ပါတယ်။ အဲဒီထုက်ပြန်ချက်ကို နိုင်ငံပေါင်း ၁၄ နိုင်ငံမှ သိပ္ပံပညာရှင် ၃၁ ဦးပါဝင်တဲ့အဖွဲ့တစ်ခုမှ သက်သေအထောက်အထားများကို အသေအချာပြန်လည်သုံးသပ်ပြီးနောက် ပြုလုပ်ခဲ့တာဖြစ်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top