iMyanmarHouse.com - Best Property Website for Myanmar
×

မပွတ်ကျွတ် ဆိုတာနဲ့ ပရိသတ်တွေအားလုံး အူလှိုက်သည်းလှိုက် အားပေးခဲ့ကြတဲ့ ဟာသဇာတ်ကားများရဲ့ ပဲ့ကိုင်ရှင် ခိုင်သင်းကြည်လို့ ဆိုလိုက်ရင် မသိတဲ့သူ မရှိပါဘူး။ သူမရဲ့ဖန်တီးမှု အနုပညာပေါ်ပေးဆပ်မှုတွေဟာ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပေမဲ့ အကယ်ဒမီနဲ့ပတ်သတ်ပြီး ပရိသတ်တွေ မှန်းပေးကြသလို နှလုံးလှလူမိုက် ဇာတ်ကားမှာကတည်းက လွဲချော်ခဲ့တဲ့သူမ ခုလာမဲ့ ၂၀၁၃ အကယ်ဒမီမှာလည်း စုန်းပြူးဇာတ်ကားနဲ့ ပရိသတ်တွေ မှန်းပေးနေပြန်ပါပြီ။  ပရိသတ်တွေအတွက် သူမရဲ့ ၂၀၁၃ အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သတ်ပြီး “အကယ်ဒမီကတော့ မခိုင်လေးအနေနဲ့ နှလုံးလှ လူမိုက်ကားမှာကတည်းက မခိုင်လေးကို အားပေးချစ်ခင်ခဲ့ကြတဲ့ ပရိသတ်တွေ မှန်းပေးခဲ့ကြတယ်။ ဒါပေမဲ့ လွဲချော်ခဲ့တယ်။ အဲ့ဒီကတည်းကလဲ မခိုင်လေး အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ နောက်ပြီး မခိုင်လေး ရိုက်တဲ့ ဇာတ်ကားတော်တ်ာများများက ဒရာမာတွေထက် ဟာသကားတွေများတယ်။ ဟာသကား အရိုက်များပေမဲ့ ရုပ်ရှင်ကားကြီး ရုံတင်ကားအနေနဲ့လဲ မခိုင်လေးက မရှိသလောက်ကို နည်းပါတယ်။ ဗီဒီယို မှာဆိုလဲ ဟာသတွေကြီးပဲ။ ဒါကလဲ ဈေးကွက်အရရော၊ ပရိသတ်တောင်းဆိုမှုအရရော၊ ထုတ်လုပ်ရေးတွေရဲ့ ဇာတ်ပေးမှုအပေါ်မှာ ကိုယ်ကဒါနဲ့ပဲ အံဝင်နေတဲ့အခါကျတော့ ဒါကိုပဲ လာငှားကြတာများတယ်။

အဲ့ဒါကြောင့် ဟာသကားတွေကြီးပဲ အရိုက်များတဲ့တွက် အကယ်ဒမီနဲ့ နှစ်ရှည်လများ ဝေးကွာခဲ့တာကတော့ မဆန်းဘူးပေါ့နော်။ ဒါပေမဲ့ ခု ဒီလာမဲ့ ၂၀၁၃ အကယ်ဒမီမှာကျတာ့ ရှားရှားပါးပါး စုန်းပြူးဆိုတဲ့ကားလေးထဲမှာ မခိုင်လေးအနေနဲ့ ချစ်သူကို အရမ်းချစ်ပြီး ချစ်သူကို ပေးဆပ်တဲ့ မိန်းမတစ်ယောက်ရဲ့ကာရိုက်တာကို သရုပ်ဆောင်ထားခွင့်ရတယ်။ ဒါကလဲ မခိုင်လေးရဲ့ကံလို့ပဲပြောရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် မခိုင်လေး ပါဝင်ရတဲ့ကာရိုက်တာကို အကောင်းဆုံးကြိုးစား သရုပ်ဆောင်ထားတယ်။ အကယ်ဒမီရခြင်း မရခြင်းကတော့ ကံပေါ့နော်။ ရရင်လဲ လိုချင်ပါတယ်။ လွဲချော်ခဲ့ရင်လဲ ဒါမခိုင်လေးရဲ့ကံတရားပါပဲ။”လို့ သူမက ပြောပါတယ်။

ပရိသတ်တွေကို သူမပြောချင်တဲ့စကားကိုလည်း သူမက“အဓိကပြောချင်တာကတော့ အနုပညာလုပ်သက်လဲ မခိုင်လေးတော်တော်လေးကြာခဲ့ပြီ။ ခုချိန်ထိ အကယ်ဒမီမရသေးတဲ့တွက်လဲ ပရိသတ်ကို အရမ်းကို အားနာပါတယ်။ အသက်တွေလဲကြီးလာပြီ။ အကယ်ဒမီကိုလဲ ပရိသတ်အတွက် မယူပေးနိုင်သေးဘူး။ အရမ်းလဲရှက်သလို အရမ်းကို အားနာပါတယ်။ ခုဒီနှစ်မှာလဲ ပရိသတ်တွက် စုန်းပြူးဇာတ်ကားနဲ့ရခဲ့မယ်ဆို လိုချင်ပါတယ်။ အကယ်ဒမီဆိုတာ အားလုံး လိုချင်နေတဲ့ဆု အနုပညာသမားတွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာဆိုတော့ လေ။ မရရင်တော့လဲ မခိုင်လေးရဲ့ ကံတရားပါပဲ။ မှန်းတော့မမှန်းထားပါဘူး။ အကယ်ဒမီဆိုတာ အရမ်းလဲနတ်ကြီးသလို တော်တိုင်းကောင်းတိုင်းလဲ မရတဲ့တွက် ကံရော၊ စန်းရော၊ ပရိသတ်ရဲ့ အားပေးမှုရော ဆုံမှရမှာဖြစ်တဲ့အတွက် လွဲချော်သွားခဲ့မယ်ဆိုရင်လဲ မခိုင်လေးအပေါ်ကို နားလည်ပြီး ဆက်အားပေးကြပါဦးလို့ ခုကတည်းကကြိုပြီးတောင်းပန်ထားချင်ပါတယ်”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top