iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ်ရှင် လောကသားများ အမြင် တိမ်းစောင်းမှုများ၊ ဝေဖန် ပြောဆိုမှုများ နှင့် ကြုံတွေ့နေရသည့် အများပိုင် ကုမ္ပဏီကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ရုပ်ရှင် အစည်းအရုံး အကျိုးနှင့် ပတ်သက်ပြီး မထိခိုက်စေရဟု အာမခံကြောင်း ပြောသည်။

““လူတွေက အများပိုင်က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုလဲ ဆိုတာ အရင် လေ့လာဖို့ ကောင်းတယ်။ အထင် မြင်တွေ တိမ်းစောင်း နေကြတာပေါ့နော်။ အစကတည်းက အများပိုင်ဆိုတာ ပါဝင်တဲ့ လူတစ်စု ကောင်းစားရေး မဟုတ်ဘူး။ နာမည်ကိုက ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ ပါတဲ့လူတိုင်း ကရှယ်ယာ နည်းနည်းစီပဲ ပါကြတာ၊ ဘယ်သူမှ သဌေးဖြစ်မယ့် ကိစ္စမဟုတ်ဘူး။

 အားလုံး ပါဝင်အောင် ကိုယ်တို့ ပါဝင်နိုင်မယ့် အခြေအနေ ဖြစ်အောင် ဖန်တီးထားတယ်။ ပါဝင်သလောက်လည်း အကျိုးရှိရမယ်။ အနာဂတ်မှာလည်း အဲဒီပုံစံနဲ့ပဲ သွားရမှာ။ အဲဒါကြောင့် ပါဝင်ဖို့ ဖိတ်ခေါ်တာ။ အများပိုင် ဆိုတာ ဘာမှန်းမသိ၊ လုပ်ထုံး လုပ်နည်း ဘာမှန်း မသိဘဲ၊ ရမ်းသန်း ဝေဖန် နေတာကတော့ မကောင်းဘူး။ အစည်းအရုံးကြီး အနေနဲ့ကလည်း မဖြစ်မနေကို ပါဝင်သင့်တယ်။

ဒါမှ အစည်းအရုံးသည်လည်း အများပိုင် ကုမ္ပဏီမှ ဦးဆောင်မှု အခန်းကဏ္ဍ အနေနဲ့ ပါဝင်အောင်လို့ အစည်းအရုံး ဆိုတာကို ပါဝင်ဖို့ အကြိမ်ကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် ချပြီးတော့မှ ပါဝင်ခဲ့တာ၊ ဒါကြီးပါ လိုက်လို့ ရုပ်ရှင် အစည်းအရုံးကြီး လုံးဝ အကျိုးစီးပွား မထိခိုက်စေရဘူး ဆိုတာ ကျွန်တော် ရဲရဲကြီး အာမခံတယ်။ ဂဃနဏ မလေ့လာပဲ ပြောနေကြတာပါ။ အ များပိုင်နဲ့ပတ်သက်ပြီး တိတိကျကျ ဂဃနဏ သိချင်ရင် အများပိုင်ကို လည်းဖုန်းဆက် မေးမြန်း နိုင်ပါတယ်”” ဟု ဦးလူမင်းက ပြောသည်။

 မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီသည် Info-9 ဆိုသည့် စက်ရုံကို ဖွင့်လှစ်ခဲ့ပြီး  ရုပ်ရှင်ရုံများ နှင့် ရုပ်ရှင် ဇာတ်ကားများ ထုတ်လုပ်ရန် လုပ်ငန်းစဉ် များလည်း ရှိကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top