iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ မရှိကြတော့ဘူး။ ပြသနာတွေခဏခဏတက်တယ်။ အနိုင်အရှုံးကိုသာ စဉ်းစားလာတတ်ပြီ။ သည်းခံစိတ်လည်း မရှိတော့ဘူးဆိုရင် ဒါဟာ နှစ်ဦးသားကြားက သံယောဇဉ် ပြတ်တောက်တော့မယ့် လက္ခဏာပေါ့။ ဒီ့ထက်ပိုတိကျတဲ့ အခြေအနေတစ်ချို့ကိုလည်း ပြောပြပေးချင်ပါတယ်။

၁။တစ်ဦးနဲ့တစ်ဦး ချစ်တဲ့အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး။

ချစ်စခင်စကြင်နာစကလို ချစ်တဲ့အကြောင်းတွေ နေ့စဉ်နေ့တိုင်း တတွတ်တွတ် ပြောဖို့နေနေသာသာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါတောင် နင့်ကိုအရမ်းချစ်တယ်ဆိုတဲ့ စကားမျိုး နှစ်ဦးကြားမပြောဖြစ်တော့ဘူးဆိုရင် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ လမ်းဆုံးရောက်ခါနီးနေပါပြီ။

၂။တစ်ယောက်ဘာဖြစ်ချင်နေသလဲ တစ်ယောက်က မစဉ်းစားပေးတော့ဘူး။

ရေရှည်သွားမယ့် ချစ်ခရီးလမ်း ဖြောင့်ဖြူးဖို့ဆိုရင် တစ်ဦးရဲ့အကျိုးကို တစ်ဦးကြည့်ကိုကြည့်ရမှာပါ။ ဒီလိုမှမဟုတ်ပဲ တစ်ယောက်က ဘာလုပ်ချင်နေတာလဲ၊ သူဘာဖြစ်ချင်နေတာလဲဆိုတာ အလေးမထားတော့ပဲ ကိုယ့်ကိစ္စကိုသာ ကိုယ်ဆောင်ရွက်နေမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အတွက်သာ ကိုယ်ကြည့်တယ်ဆိုတာ ပေါ်လွင်သွားပြီပေါ့။

၃။တစ်ယောက်အတွက် တစ်ယောက်အချိန်မပေးနိုင်တော့ဘူး။

အလုပ်ကြောင့်၊ ကိုယ့်မိသားစုအိမ်တွင်းရေးတွေကြောင့်၊ စီးပွားရေး၊ ပညာရေးစတာတွေကြောင့် သင်တို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဖို့အချိန်တောင် မရှိတော့ဘူးဆိုရင် မေးခွန်းက တစ်ခုတည်းပါ။ ဘာ့ကြောင့်များ ငါတို့ဆက်တွဲနေဦးမလဲဆိုတာမျိုးပေါ့။

၎။နှစ်ဦးနှစ်ဖက်စလုံးရဲ့ လူမှုဆက်ဆံရေးတွေ ပျက်ယွင်းလာမယ်။

ချစ်သူရဲ့မိဘတွေနဲ့ ထမင်းအတူစားဖို့ ပျက်ကွက်လာပြီ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ အတူတူ တွေ့ဖို့ချိန်ထားတာ သူမလာနိုင်တော့ဘူး။ စသဖြင့် ဟိုဘက်ဒီဘက် ကိုယ့်လူသူ့လူတွေ့ဖို့ အချိန်မပေးနိုင်၊ အလေးမထားနိုင်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ ရှင်းပါတယ်။ ဒီဆက်ဆံရေးအပေါ် သူအလေးမထားတော့လို့ပါ။

၅။သီခြားရပ်တည်မှုတွေ ဖြစ်လာတယ်။

အရင်လို စက်ဘီးအတူစီးတာမျိုး၊ GYM အတူဆော့တာမျိုး၊ အားကစားတစ်ခုခုကို အတူလုပ်တာမျိုးတွေ မရှိတော့ဘူး။ သူလည်း သူ့ဘာသာသူ၊ ကိုယ်လည်း ကိုယ့်ဘာသာကိုယ် အဆင်ပြေသလိုနေနေကြတာမျိုးဆိုရင် ဒီအချက်ကလည်း သင်တို့နှစ်ဦးရဲ့ အချစ်ရေးအတွက် စိုးရိမ်စရာပါပဲ။

၆။ကိုယ့်ဘက်၊ သူ့ဘက် တွက်ကတ်လာတတ်ပြီ။

အချစ်ရေးဆိုတာ ဂိမ်းကစားပွဲတစ်ခု မဟုတ်ပါဘူး။ သူနိုင်တယ်၊ ကိုယ်နိုင်တယ်ဆိုတာ မရှိပါဘူး။ ဒီလိုပါပဲ ကိစ္စရပ်တစ်ခုခု လုပ်ဆောင်တဲ့အခါ ငါက ဒီတစ်ခါ လုပ်ထားရတယ်။ နင်ကကျတော့ မလုပ်ဘူး။ နောက်တစ်ခါကျ နင်ပဲလုပ်၊ ငါမလုပ်နိုင်ဘူး ဆိုတာမျိုးတွေ များလာရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် မကောင်းပါဘူး။

၇။ရန်ဖြစ်၊ ပြန်တည့်အခြေအနေနဲ့ နေ့ရက်တွေ ကြာလာပြီ။

နှစ်ဦးသား ရန်ဖြစ်တဲ့ပြသနာက ဒါတွေချည်းပဲ ထပ်တလဲလဲဖြစ်နေတယ်။ ပြင်ဆင်တာမျိုးလည်း မရှိဘူး။ ဒါကိုပဲတစ်ယောက်က ပြန်အပြစ်ရှာတယ်။ ပြသနာတက်ပြီး ပြန်တည့်သွားတယ်။ နောက်တစ်ခါပြသနာတက်လည်း ဒါပဲဆိုရင်တော့ ရေရှည်အတွက် မကောင်းနိုင်ဘူးဆိုတာ သိထားရမှာပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top