iMyanmarHouse.com - Best Property Website for Myanmar
×

မဟော်ဂနီရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး၏ စင်တင်မင်းသား တစ်လက်ဖြစ်သည့် အလင်းရောင် က မဟော်ဂနီ ထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ပြီး လက်တွဲ လုပ်နေရ သော်လည်း ကျေနပ်မှု မရှိသေးကြောင်း ပြောသည်။

''ကျွန်တော်က   မဟော်ဂနီ တိုက်နဲ့ အလုပ် လုပ်တာ နှစ်နှစ်ကျော် သွားပြီ၊ စာချုပ်က ခုနှစ်နှစ် ချုပ်ထားတာ။ တော်တော် များများ က ထင်ကြတယ်။ ကျွန်တော်က စာချုပ်ကို ခုနစ် နှစ်ချုပ်ထားတဲ့ အတွက် တခြားတိုက်တွေနဲ့ ရိုက်ခွင့် မရှိဘူးလို့ ထင်ကြတယ်။ တကယ်တမ်း က ကမ်းလှမ်း လာတာ ရှိလာရင်တော့ အကုန်လုံးနဲ့ ရိုက်ခွင့် ရှိပါတယ်။ မဟော်ဂနီနဲ့ ဘယ်လောက်ထိ လက်တွဲ ဖြစ်မလဲ ဆိုတာ ကတော့ အခြေအနေပေါ်ပဲ စောင့်ကြည့် ရမှာပေါ့။ ကျွန်တော့်ကို မဟော်ဂနီက တင်ပေးထားတယ်၊ လက်တွဲပြီး လုပ်နေတယ် ဆိုပေမယ့် ကျွန်တော့် အနေနဲ့ ကျေနပ်အားရမှု ရှိလား ဆိုရင် ကျေနပ်မှု မရှိသေးဘူး။ ဘာလို့လဲ ဆိုတော့ နှစ်နှစ်လောက် ရှိနေပေမယ့် ကျွန်တော် ရိုက်တာ အရမ်းနည်း နေသေးတယ်။ ဗီဒီယို တစ်ကားမှလည်း  ထွက်မလာသေးဘူး။  အဲဒီ အတွက်ကြောင့် အမှန်တိုင်း ပြောရရင် ကျေနပ်မှု မရှိသေးဘူး။ မဟော်ဂနီ အပြင် တခြား ဒါရိုက်တာတွေ ကလည်း ရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ထိုင်းမှာလည်း ရုပ်ရှင်ရိုက်ဖို့ ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အေဂျင်စီနဲ့ ပြဿနာလေး ရှိထားတော့ ရိုက်ဖြစ်မလား၊ မရိုက်ဖြစ်မလား  မသိဘူး။  အဲဒါကြောင့် ကျွန်တော်  အနုပညာ အလုပ်တွေ ဆက်ပြီး လုပ်နိုင်ဖို့က   ကျွန်တော့်ကို   မြေတောင်မြှောက် ပေးမယ့်သူ လိုအပ် နေပါတယ်''ဟု အလင်းရောင်က ပြောသည်။

အလင်းရောင်သည် သရုပ်ဆောင်သည့် အလုပ် အပြင် ဂီတဘက်တွင်လည်း ခြေလှမ်းစနေပြီ ဖြစ်ကြောင်း 'ရင့်ကျက်လာပြီ' ဆို သည့် တေးစီးရီးကိုလည်း စီစဉ် နေကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top