iMyanmarHouse.com - Best Property Website for Myanmar
×














၂၀၁၁ အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့တဲ့ ဖူးပွင့်သခင်က၂၀၁၃ အကယ်ဒမီပေး
ပွဲပေါ် သူမရဲ့စိတ်ခံစားချက်နဲ့အမြင်၊ သူမ၀တ်ဆင်မယ့် ၀တ်စုံအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ “ဒီနှစ်က ပိုးထည်က ယွန်းရွှေရည်၊ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကတော့ မသိရသေးပါဘူး။ အကယ်ဒမီပွဲတက်ရတဲ့ စိတ်ခံစားမှုက ဖူးပွင့်တို့ သရုပ်ဆောင်တွေအတွက် အရမ်းကို ကြီးမားတဲ့ပွဲတစ်
ပွဲ။ ဒီပွဲကို တက်ရတဲ့တွက် ၀မ်းလည်းသာတယ်။ ကိုယ့်အစ်ကို အစ်မတွေကိုသွားအားပေးရမယ်ဆိုတော့ ၀မ်းသာတယ်။

 သူတို့ကိုသွားဂုဏ်ပြုပေးတဲ့ပွဲပေါ့။ဒီလိုပွဲမျိုးကအနုပညာရှင်မှတက်ခွင့်ရှိတာဆိုတော့ ပျော်ဖို့လဲကောင်း
တယ်။ သူတို့ရဲ့ပီတိကို ကိုယ်တွေပါဝင်ပြီး ခံစားမျှဝေပေးရတယ်ပေါ့။ အကယ်ဒမီဆိုတာ ဘ၀မှတ်တိုင် တစ်ခုပေါ့နော်။သရုပ်ဆောင်တွေတွက်အကယ်ဒမီဆိုတာနတ်လဲကြီးတယ်။ ကြိုးစားမှု၊ လုံ့လဇွဲလဲရှိမှ ရမယ်ပေါ့နော်။ ၁၀ဖြေသလိုပဲ။ အောင်ချင်မှ အောင်တယ်။ နတ်ကြီးတယ်ပေါ့နော်။ အနုပညာရှင်တွေ အားလုံးလိုချင်တဲ့ အရာတစ်ခုပါပဲ။”လို့ သူမက ဖွင့်ဟပါတယ်။

ဒါ့အပြင် ဒီနှစ်အကယ်ဒမီရဲ့ အပြောင်းအလဲနဲ့ ပတ်သတ်ပြီးတော့လည်း သူမက “ယောင်္ကျားလေးတွေ ဗန်းကိုင်မယ်ဆိုတော့အရမ်းအဆင်ပြေသွားတယ်။ မော်ဒယ်လ်ဘွိုင်း တော်တော်များများက နေရာမရကြ
ဘူး။ မင်းသားဖြစ်ဖို့ဆိုတာ ခဲယဉ်းတယ်။ ခုဆို မင်းသမီးတွေက များလာတယ်။ ရှိုးပွဲတွေတောင်မှ မိန်းကလေး သုံးတာများတယ်။ ပရိသတ်နဲ့ထိတွေ့ခွင့် နည်းတာ ယောင်္ကျားလေးတွေပေါ့။ ခုလို လုပ်ပေးတာညီမတော့ သဘောကျပါတယ်။ အနုပညာလောကမှာ မင်းသားရှားတယ်။

သူတို့ ကြိုးစားရင်တော့ ရလာမှာပေါ့နော်။ ဗန်းကိုင်ဖြစ်တိုင်း မင်းသား၊ မင်းသမီးတော့ မဖြစ်ဘူးပေါ့နော်။ ခုလမ်းစတစ်ခု ရပြီဆိုတော့ ကြိုးစားစေချင်ပါတယ်။ ဒီအကယ်ဒမီ စင်မြင့်ဆိုတာ ဘယ်ယောင်္ကျားလေး
မှ တက်ခွင့်ရှိခဲ့တာ မဟုတ်ဘူး။ အကယ်ဒမီစင်ဆိုတာ အနုပညာရှင်တွေအတွက် အရမ်းကျက်သရေ ခမ်းနားတဲ့ ဒီစင်ကြီးပေါ်မှာ ရွှေကြိုအနေနဲ့ ပါဝင်ခွင့်ရမဲ့သူတွေအတွက် ၀မ်းလဲ သာပါတယ်”တဲ့။
ဖူးပွင့်သခင်ဟာ လက်ရှိမှာ စည်ဖြိုးနဲ့ သမုဒယနွံဆိုတဲ့ပညာပေးဇာတ်ကားလေး ရိုက်ကူးနေပြီး စည်ဖြိုးရဲ့ချစ်သူနေရာက ပါဝင်သရုပ်ဆောင်နေကြောင်းပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top