iMyanmarHouse.com - Best Property Website for Myanmar
×

ချက်ချင်းပျောက်ကင်းမသွားတတ်တဲ့ ခေါင်းကိုက်ဝေဒနာရှိနေတယ်ဆိုရင် ဒီဝေဒနာကို မိနစ် ၂၀ အတွင်း ပျောက်ကင်းသက်သာစေမယ့် သဘာဝဆေးဖော်စပ်နည်း တစ်မျိုးရှိပါတယ်။
အရင်ဦးဆုံး အဝတ်စ ပါးပါးလေးတစ်ချို့ ဒါမှမဟုတ် ဖော်စပ်မယ့် ပါဝင်ပစ္စည်းတွေ ထုတ်ပိုးဖို့ အသုံးပြုမယ့် ပိုးချည်သားအချောတစ်ခုလိုအပ်မှာပါ။

အဝတ်စကို ခေါက်ချိုးရှစ်ထပ်လောက်ထပ်ပြီး  နှဖူးပေါ်ဖိပေးရမှာဖြစ်တယ်။
(60-70C) အပူချိန်ရှိ ရေနွေး 250ml (8.5 oz) ထဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခပ်ထည့်ပါ။ ဆားပျော်ဝင်ရည် ၈% ရှိရပါမယ်။

ရေနွေးအနည်းငယ်နဲ့ နဖူး၊ နားရွက်တွေနဲ့ လည်ပင်းကို ဆေးကြောပေးပါ။ အဝတ်စကို ဆားပျော်ရည်မှာ နှစ်စိမ်ပြီး ဖျစ်ညှစ်လိုက်ပါ။ အဲ့ဒီနောက် နောက် အဝတ်စနဲ့ နဖူး၊ လည်ပင်းနဲ့ နားရွက်တဝိုက်ကို အဲဒီအဝတ်စဖြင့် ဖိအုပ်ပါ။ အဲဒီလိုလုပ်နေစဉ် လှဲအိပ်ပေးရင် ပိုတောင်ကောင်းပါတယ်။
သက်သာမှု ချက်ချင်း ခံစားရရင်တောင် အဝတ်စလေးကို နဖူးပေါ် ဆက်ထားပါ။ နောက် မိနစ်၂၀မှာ လဲမြဲတိုင်းဆက်လဲပါ။ အဝတ်စလေးကို ကိုယ်နဲ့ခွာပြီးရင် လည်ပင်း၊ နားရွက်နဲ့ နဖူးကို ရေဖြင့် ဆေးပေးပါ။
Diet soda၊ alcohol စသည့် ကိုယ်စားတဲ့ အစားအစာကြောင့် ခေါင်းကိုက်မှုတွေက မကြာခဏဖြစ်ပွားတတ်ပါတယ်။

အငံဓာတ်အစားများခြင်းက ဖောယောင်ခြင်း၊ သွေးတိုးခြင်းတို့ ဖြစ်ပွားစေပေမယ့် ဆားစိမ်အဝတ်စ၊ ပိတ်စတွေ မှာတော့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ရှိပါတယ်။ အရေပြားကနေတဆင့် ကျန်းမာရေး အကျိုးဆက်ကူးဆက်ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ကနေ မလိုအပ်တဲ့ အကျိချွဲတွေ ထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ ခြေထောက်ယောင်တာကိုလည်း ကုသနိုင်တယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top