iMyanmarHouse.com - Best Property Website for Myanmar
×














Amazing City ပရိုဂရမ် အစီအစဉ်တွင် ပါဝင် တင်ဆက်နေသည့် မိုးစက်ဝိုင်က ဘ၀တွင် မှတ်မှတ်ရရ ဖြစ်စေမည့် ပရဟိတ အလုပ်လုပ်ရန် ရှိကြောင်း ပြောသည်။
 ဒီလထဲမှာပဲ မိုးစက် ကြေညာ မှာပါ။ Plane က စီစဉ်ထား ပေးမယ့် သေချာကြီး မဖြစ်သေးလို့ မပြောသေးတာပါ။  ပရဟိတ အလုပ် ကတော့ မျိုးစုံ ပါပါတယ်။

အဓိက ကတော့ မိဘမဲ့ ကလေးတွေ အတွက်ပဲ ဖြစ်မှာပါ။ လက်ရှိ မှာလည်း မိုးစက်က ကလေး သုံးယောက်ကို ပြင်ဦးလွင်မှာ တာဝန် ယူပြီး ကျောင်းထား ပေးထား ပါတယ်။ မိုးစက် ကျောင်းထားပေး ထားတဲ့ ကလေးတွေရဲ့ ကျောင်းကို တခြား TV Channal တွေ ကလည်း လာ အင်တာ လာဗျူး ကြတယ်လို့ ဘုန်းဘုန်းက ပြောတယ်။ အလှူရှင်တွေ ကလည်း ပိုက်ဆံလာလှူ ကြတယ်။

တချို့ကလည်း ကလေးတွေကို မွေးဖို့ခေါ်သွား ကြတယ်။ မိုးစက် အနေနဲ့ ဒါတွေကို ကြားရတာ ပီတိ ဖြစ်ပါတယ်၊ ၀မ်းသာ ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်စိတ်တစ်ပိုင်း လောက်ပဲ သိသွား စေတယ်။ တကယ်လို့ မိုးစက် ကိုယ်တိုင် မသိခဲ့ဘူးဆို ရင်လည်း မလုပ်ဖြစ်ဘူး ပေါ့နော်။ အခုလို သိသွားတဲ့ အခါကျ တော့လည်း သူတို့လေးတွေ အတွက် ၀မ်းသာ ပါတယ်။ လာမည့် ၂၀၁၅ မှာလည်း ဘ၀မှာ မှတ်မှတ်ရရ ဖြစ်စေမယ့် ပရဟိတ တစ်ခုကို လုပ်ဖို့ စီစဉ်ထား ပါတယ်။

 ကောင်းကောင်း မွန်မွန် လုပ်ထား တယ်။ ဒီဟာကလည်း မိုးစက် တစ်ယောက်တည်းနဲ့ လုံးဝတော့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်မို့ အဖွဲ့အစည်း တွေဆီက အကူအညီတောင်း ရမှာလေ။ အိုင်ဒီယာ ကတော့ ရနေပါပြီ၊ မိုးစက်က တစ်ခုခု လုပ်တော့မယ် ဆိုရင် မိုးစက် လိုချင်တာ ဘာလဲ၊ ကိုယ့်ကို ကူညီပေးမယ့်သူ ဘာရမလဲ ဆိုတာ စဉ်းစား ပါတယ်။ မိုးစက်လုပ်မှာ ကတော့ အဖက်ဖက် ကတော့ ပါသွားပါ လိမ့်မယ်။ အဓိက မိဘမဲ့ ကလေးတွေနဲ့ ဆိုင်ပါတယ် ဟု မိုးစက်ဝိုင်က ပြောသည်။ မိုးစက်ဝိုင်သည် Amazing City ပရိုဂရမ်ကို ထားဝယ်မြို့တွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top