iMyanmarHouse.com - Best Property Website for Myanmar
×














သင့်ချစ်သူအတွက် အထူးတစ်စုံတစ်ရာ လုပ်ပေးချင်ပေမယ့် ဘယ်ပုံဘယ်နည်း လုပ်ပေးရမယ်ဆို
တာ အခက်တွေ့နေ တတ်ပါတယ်။ ကိုယ်က စိတ်ဝင်စရာကောင်းတဲ့ အမူအယာတစ်ခုခု လုပ်ချင်
တယ်။ စိတ်လှုပ်ရှား အံ့သြစရာ အပြုအမူ၊ ခက်ခက်ခဲခဲနဲ့ ကြိုးစားလုပ်ယူရတဲ့ အမူအယာ၊ အချိန်တိုအတွင်းလုပ်ရတဲ့ အမူအယာ တစ်ခုခု သို့မဟုတ် ဂန္ဓဝင်ဆန်ဆန် အမူအရာတစ်ခုခု လုပ်ပြမယ်ဆိုပါက အဆင်ပြေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ဖန်တီးမှုစိတ်ကူး အတွေးနဲ့ ချစ်ခြင်းမေတ္တာပြမယ်ချစ်သူရည်းစားဆက်ဆံရေးကို စိတ်ကူးယဉ်ဆန်ဆန်လေးဖြစ်စေမယ့် ပျော်ရွှင်စရာလေးတွေ သိချင်ပါသလား။ ဒီအချက်လေးတွေ လက်တွေ့ကျင့်သုံးကြည့်ပသင့်ချစ်သူကိုလှလှလေးတွဲစည်းထားတဲ့ နှင်းဆီပွင့်တစ်ဒါဇင်လက်ဆော
င်ပေးလိုက်ပါ။ အနီရောင် နှင်းဆီ ၁၁ ဖွင့်နဲ့ အဖြူရောင် (၁) ဖွင့် ပေးပါ။ ချစ်သူအတွက် လက်ပတ်နာလေးတစ်လုံး ဝယ်ပေးလိုက်ပါ။ အဲဒီနာရီပေါ် မှာ “မင်းအတွက် အချိန်တိုင်းရှိနေမယ်” စာတမ်း ရေးထိုးပါ။

သင်တို့နှစ်ဦးဆုံစည်းခွင့် ရစေခဲ့တဲ့ အဓိက အချက်အချာကျတဲ့ အဖြစ်ပျက်လေးတစ်ခု ဖော်ပြပြောဆိုပါ။ အဲဒီအမှတ်တရ အဖြစ်အပျက်လေးကို နှစ်စဉ်ကျင်းပပြုလုပ်ပါ။ မျှော်လင့်မထားဘဲ အံ့သြစရာဖြစ်တဲ့နေ့ ဒါမှမဟုတ် ထူးထူးခြားခြားတွေဖြစ်တဲ့နေ့မှာ အချစ်ဇာတ်လမ်းလေးတွေကို ပုံမှန်ကျင့်သုံးပါ။

 စာရွက်တစ်ခုပေါ်တွင် ရည်းစားစာ သို့မဟုတ် ကဗျာတစ်ပုဒ်ရေးသားပြီး သင့်ချစ်သူဆီပေးပို့ပါ။ အဲဒါကို ကပ်ထူပြားပါးပါးလေးနဲ့ ပူးတွဲချိတ်ထားပြီး စိတ်ရှုပ်ထွေးအောင် puzzle ပုံစံဖြင့် အပိုင်းပိုင်းဖြတ်လိုက်ပါ။ သို့မဟုတ် အီးမေးလ်နဲ့ တစ်ရက် တစ်ခု ပို့ပေးပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top