iMyanmarHouse.com - Best Property Website for Myanmar
×














ကိုယ်နဲ့ကိုယ့်ချစ်သူ တစ်ခါတစ်ရံမှာ ကတောက်ကဆလေးတွေ ရှိတယ်ဆိုပေမယ့် ပုံမှန်အားဖြင့်ကတော့ အဆင်ပြေတဲ့စုံတွဲလို့ ပြောလို့ရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ငါဟာ ငါ့ချစ်သူအတွက် တကယ်ကောင်းတဲ့ အဖော်မွန်တစ်ယောက် ဖြစ်မလားဆိုတာ သိချင်ကြမှာပါ။ အောက်မှာဖော်ပြပေးထားတဲ့ မေးခွန်းလေးတွေ ဖြေကြည့်လိုက်ပါ။

 ၁။သင်ဟာ တစ်ခုခုဆိုအရမ်းခံစားလွယ်ပြီး ချက်ချင်းပြန်လည်ပြောဆိုတတ်သူလား၊ ဒါမှမဟုတ် ချစ်သူအပေါ် နားလည်မှုအပြည့်နဲ့ ပြောဆိုတတ်သူလား။
ဒီမေးခွန်းရဲ့သဘောက သင်ဟာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ စိတ်လိုက်မာန်ပါ ပြန်လည်ပြောဆိုတတ်သူလား၊ ဒါမှမဟုတ် ကိုယ့်ချစ်သူပြောတဲ့ အကြောင်းအရာကို အဆုံးထိ နားထောင်ပြီး သူဘာပြောချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာလိုအပ်တယ်ဆိုတာ စဉ်းစားတွေးခေါ် ပြောဆိုတတ်သူလား ဆိုတာကို မေးချင်တာပါ။

 ၂။သင်ဟာ တစ်ခုခုဆို ညှိုနှိုင်းပြောဆိုတတ်သူလား။

ပြသနာတစ်ခုခုတက်လာပြီဆိုတာနဲ့ ဘာမှလာမပြောနဲ့၊ စိတ်ကောက်လိုက်မယ်ဆိုတဲ့သူမျိုးလား၊ ဒေါသူပုန်ထတတ်တဲ့သူလား၊ ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားအောင် ညှိုနှိုင်းပြောဆိုတတ်သူလား ဆိုတာ မေးချင်တာပါ။ တကယ်ကောင်းတဲ့ ချစ်သူ၊ လက်တွဲဖော်ဟာ ကိုယ့်ချစ်သူ အပေါ် သည်းခံနားလည်မှုအပြည့်ပေးတတ်ကြပါတယ်။

၃။သင်ဟာ ကိုယ့်ချစ်သူရဲ့ လွှမ်းမိုးမှုကို လက်ခံတတ်သူလား၊ ဒါမှမဟုတ် တစ်ခုခုဆို တစ်ခွန်းမခံ ပြန်လုပ်၊ ပြန်ပြောတတ်သူလား။

အမျိုးသားတွေဟာ အများအားဖြင့် ချစ်သူရဲ့လွှမ်းမိုးမှုကို မခံလိုကြပါဘူး။ ဒါဟာ role ကျတယ်လို့ ခံယူတတ်ကြပါတယ်။ တကယ်တော့ ကမ္ဘာပေါ်က အပျော်ရွှင်ဆုံး စုံတွဲတော်တော်များများဟာ ကိုယ့်အမျိုးသမီး၊ ဇနီးမယားတွေရဲ့ လွှမ်းမိုးမှုရှိတာမျိုးကို သဘောကျကြပါတယ်။

၎။သင်လုပ်လိုက်တဲ့ အမှားအတွက် ဆောရီး၊ ကိုယ်မှားသွားတယ်ဆိုတာမျိုး ပြောဖို့ ၀န်လေးသူလား။

တစ်ခါတစ်လေ ရည်ရွယ်ပြီး လုပ်လိုက်တဲ့ အမှားမျိုးမဟုတ်ပေမယ့် ကိုယ်မှားသွားမှန်းသိရင်တော့ တစ်ဖက်လူကို တောင်းပန်သင့်ပါတယ်။ ဒီလို ၀န်ခံတောင်းပန်ခြင်းဟာ ရေရှည်သွားမယ့် စုံတွဲတွေအတွက် လိုအပ်ပါတယ်။

၅သင်ဟာ ကိုယ့်ချစ်သူအပေါ် ပြစ်တင်ဝေဖန်တာမျိုး၊ ဒေါသတကြီး ပေါက်ကွဲရန်ရှာတာမျိုးတွေ လုပ်တတ်ပါသလား။

အမျိုးသမီးတွေဟာ ကိုယ့်ချစ်သူအပေါ် အလိုမကျတော့ဘူးဆိုရင် အပြစ်တင် ဝေဖန်တာမျိုး လုပ်တတ်ကြပါတယ်။ အမျိုးသားတွေကတော့ ဒေါသကို မထိန်းချုပ်ကြပဲ အော်ဟစ်ပေါက်ကွဲတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ချစ်သူကို မကြာခဏ လုပ်ဖူးသလားဆိုတာပါပဲ။

၆။သင်ဟာ သင့်ချစ်သူ ယုံကြည်ရတဲ့သူတစ်ယောက်လား။

ချစ်သူနှစ်ဦးကြား လျှို့ဝှက်ချက်တွေ ထားနေမယ်၊ ကိုယ့်ချစ်သူကို လိမ်ညာပြောဆိုတာမျိုးတွေ ရှိနေမယ်ဆိုရင် တစ်ဖက်လူက ကိုယ့်ကို အပြည့်အ၀ယုံကြည်မှုမရှိနိုင်တော့ဘူးဆိုတာ သိထားရပါမယ်။

၇။သင်ဟာအမြဲအကောင်းမြင်တတ်သူလား၊ ကိုယ့်ချစ်သူရဲ့အပြစ်အနာအဆာတွေကို လိုက်ပြောဆိုနေတတ်တဲ့သူတစ်ယောက်လား။

ကိုယ့်ချစ်သူလုပ်သမျှ၊ ပြောသမျှ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို ထောက်ပြပြောဆိုတတ်တဲ့လူ မဖြစ်ပါစေနဲ့။ ဒါ့အပြင် ဘာလုပ်ပေးပေး အကောင်းမမြင်တဲ့သူမျိုးလည်း မဖြစ်ပါစေနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top