iMyanmarHouse.com - Best Property Website for Myanmar
×











မလိုလားအပ်ဘဲ မျက်နှာပေါ်မှာ မွှေးညင်းလေးတွေ လွန်စွာပေါက်နေခြင်းဟာ မျိုးရိုးဗေဇကြောင့်ပဲဖြစ်ပါတယ်။ မျက်နှာပေါ်က အမွေးအမျှင်ရှိတဲ့ အမျိုးသားတွေရဲ့ ကိစ္စက တစ်ခုဖြစ်ပြီး အမျိုးသမီးရဲ့ မျက်နှာပြင်ပေါ်မွေးညှင်းတွေပေါက်တာ နောက်တစ်အကြောင်းအရာ တစ်မျိုး ဖြစ်ပါတယ်။ မေးစေ့၊ အပေါ်နှုတ်ခမ်းနဲ့ တခြားနေရာတွေမှာ ဖရိုဖရဲထွက်နေတဲ့ မျက်နှာအမွှေးတွေက စိတ်အနှောက်အယှက်ဖြစ်စရာ၊ စိတ်ကသိကအောက်ဖြစ်စရာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အားလုံးကို ဖယ်ထုတ်ရှင်းပစ်ဖို့မှာလည်း အကုန်အကျ များပါတယ်။ သို့ပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ရွေးချယ်စရားနည်း လမ်းတစ်ချို့တော့ ရှိပါတယ်။ ဘယ်နည်းလမ်းကို ရွေးချယ်အသုံးပြုရမယ်ဆိုတာ မဆုံးဖြတ်တတ်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးသွားတွေ့တာ အကောင်းဆုံးဖြစ်ပါတယ်။

(၁) Laser ဓာတ်ရောင်ခြည်သုံးခြင်း

 လေဆာဓာတ်ရောင်ခြည်တွေက မွေးညှင်းပေါက်မှုလျော့ကျစေဖို့ ပြုလုပ်ရာမှာ အလွန်ထိရောက်မှုရှိပါတယ်။ အမွှေးတွေနဲ့ မွှေးညှင်းပေါက်နေရာကို လေဆာဓာတ်ရောင်ခြည်နဲ့ ချိန်ရွယ် ထိုးပေးရပါတယ်။ သို့ပေမယ့် ဒီလိုကုသမှုတွေက တစ်ခါတည်းနဲ့ အမြစ်ပြတ်သွားစေတာတော့ မဟုတ်တဲ့အတွက် ကုသမှု အကြိမ်ကြိမ်လုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

(၂) လျှပ်စစ်ဓာတ်အသုံးပြုခြင်း

လျှပ်စစ်ဓာတ် အသုံးပြုပြီး အမွေးအမျှင်တွေကို အမြစ်ဖြတ်ဖယ်ရှားနည်းမှာ မွေးညင်းပေါက်တစ်ပေါက်ချင်းစီမှာ အပ်ချောင်းလေးတွေ သွင်းပေးဖို့ လိုအပ်တာကြောင့် နာကျင်စေနိုင်ပါတယ်။ တစ်ကြိမ်မှာ မွှေးညှင်းပေါက်တစ်ခုကိုသာ ကုပေးနိုင်တယ်။ ဒါဟာ အပ်သေးသေးလေးတွေ အမြောက်အမြားလိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီကုသနည်းမှာ ကုန်ကျစရိတ်လည်း များနိုင်ပြီး အကြိမ်ပေါင်းများစွာ လုပ်ပေးဖို့ လိုအပ်ပေမယ့် အပေါ်နှုတ်ခမ်းနဲ့ မျက်ခုံးအတွက် အတော်ထိရောက်မှုရှိပါတယ်။

(၃) ဖယောင်းသွင်းခြင်း

ဖယောင်းသွင်းတဲ့နည်းက လျင်မြန်လွယ်ကူပေမယ့် နာကျင်စေနိုင်ပါတယ်။ အမွေးအမျှင်တွေကို အမြစ်မှ ချက်ချင်းဆွဲနုတ်ပေးတာကြောင့် ခဏအတွက်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် အသားကျိန်းစပ်မှုလေးတွေတော့ဖြစ်စေနိုင်တယ်။

(၅) ဘရိတ်ဓားဖြင့် ရိတ်ပစ်ခြင်း

မလိုအပ်တဲ့ အမွေးအမျှင်တွကို ဘရိတ်ဓားသုံးရိတ်တာဟာ ကျန်းမာရေးထိခိုက်စေမှု အနည်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ လျင်မြန်လွယ်ကူမှုရှိပြီး ဘယ်နေရာမှာမဆို လုပ်နိုင်တယ်။ သို့ပေမယ့် မကြာမကြာရိတ်ပေးရမှာဖြစ်သလို အမွေးအမျှင်တွေ ပွားလာစေနိုင်ပြီး အထူးသဖြင့် သင့်မှာ လွယ်ကူစွာပျက်ဆီးနိုင်တဲ့ အသားရေပိုင်ဆိုင်ထားပါက  မျက်နှာပေါ်အရေပြားကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

(၅) မွေးညှပ်သုံးပါ

ခပ်ကျဲကျဲ ပေါက်တဲ့ မေးစေ့မွေးတွေကိုတော့ မွေးညှပ် သို့မဟုတ် ဇာဂနာသုံး၍ ဆွဲနုတ်လိုက်ပါ။ လျင်မြန်ထိရောက်ပြီး အရေပြားကိုလည်းထိခိုက်စေမှာ မဟုတ်ပါဘူး။

Credit  : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top