iMyanmarHouse.com - Best Property Website for Myanmar
×














တကယ်တော့ သိပ်တော်သိပ်ထက်မြတ်တဲ့ မိန်းမတွေကို ယောကျာ်းလေးတွေက စွန့်ခွာသွားတာမဟုတ်ပါဘူး။သိပ်တော်လွန်းလို့ သူတို့တွေနဲ့ မထိုက်တန်လို့သာ သူတို့ကရှောင်ဖယ်သွားရတာပါ။

သိပ်ပြီးအရည်သွးကောင်းတဲ့ ကျောက်စိမ်းတစ်တုံးကို ငွေကြေးမတတ်နိုင်တဲ့သူ၊ ဒီကျောက်စိမ်းရဲ့အရည်သွေးမကြည့်တတ်တဲ့သူကတော့ လက်လွှတ်လိုက်မှာပဲ။
တကယ်တမ်း တန်ဖိုးသိသူတစ်ယောက်ကတော့ ဒီကျောက်စိမ်းအရိုင်းတုံးကို ဘယ်လိုသွေးရင် ပိုပြီးဈေးကောင်းရမယ် ကိုယ့်အတွက်ဘယ်လို အကျိုးဖြစ်ထွန်းမလဲဆိုတာကို သူသိပြီး တန်ဖိုးထားတော့ သူ့တွက် ကောင်းမွန်တဲ့အကျိုးဖြစ်ထွန်းမှုတွေနဲ့အတူ အောင်မြင်မှုကိုလျှောက်လှမ်းနိုင်တာပေါ့။

မိန်းမတစ်ယောက် သိပ်ထက်မြတ်လွန်းရင် သိပ်ပြီးစိတ်ဓါတ်ကြံ့ခိုင်လွန်းရင် ယောကျာ်းတစ်ယောက်ရဲ့ လျစ်လျူရှုခြင်းကို ခံရတတ်ပါတယ်။

အကယ်၍ ကျောထောက်နောက်ခံမရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူမှ ကြံကြံခိုင်ပြီး စိတ်ဓါတ်အလံ မလွှင့်ထူထားရင်လည်း သူမ ဒုက္ခတွေ အခက်ခဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေရစဉ်မှာ သူမအတွက် ဘယ်သူတွေကလာပြီး ရင်ဆိုင်ဖြေရှင်းပေးမှာလဲ။

သူမဖြေရှင်းနေရချိန်မှာ သူမက ထက်ထက်မြတ်မြတ်နဲ့ မရှင်းနိုင်ရင်ရော သူများရဲ့အနိုင်ကျင့်မှုအောက်မှာ မနစ်မျောသွားနိုင်ဘူးလား။

တစ်ခါတစ်လေ သိပ်တော်သိပ်ထက်မြတ်လွန်းတဲ့မိန်းမတွေကို ယောကျာ်းတွေက မကြိုက်ကြတာများပါတယ်။

ဒါပေမဲ့ သူတို့ဟာ ဒီမိန်းကလေးရဲ့ ရင်တွင်းဒဏ်ရာတွေကို မြင်အောင်မကြည့်တတ်ရင် သူမရဲ့ထက်မြတ်မှုကို နေရာမှန်မပို့ပေးနိုင်ရင်တော့ သူတို့ဟာလည်း ဒီမိန်းကလေးနဲ့ ဘယ်တော့မှလည်း ထိုက်တန်မှာမဟုတ်တော့ပါဘူး။

Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top