iMyanmarHouse.com - Best Property Website for Myanmar
×











ကျွန်ုပ်တို့ အများစုဟာ ညဘက်တွေမှာ အိပ်ပျော်အောင်နဲ့ ကောင်းစွာ အနားယူနိုင်ရန်အတွက် ၀ိုင်တစ်ခွက် ဖြစ်စေ ဘီယာတစ်ခွက်ဖြစ်စေ သောက်ဖို့ စဉ်းစားလေ့ရှိပါတယ်။ အခု ဒါဟာ မကောင်းတဲ့ အတွေးအခေါ်သာ ဖြစ်တယ်လို့ ဆရာဝန်တွေက သတိပေးလိုက်ပါပြီ။

ညအိပ်ခါနီး ယာမကာ သောက်သုံးခြင်းဟာ အားအင်ကုန်ခမ်းသွားစေပြီး အိပ်ပျော်မှုကို နှောင့်ယှက်တဲ့အပြင် ပင်ပန်းတဲ့ညတစ်ညကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယမကာသောက်သုံးခြင်းဟာ ကျွန်ုပ်တို့ အိပ်ပျော်စဉ်မှာဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်အတွင်းမှာ အိပ်ချိန် နဲ့ အိပ်ရာနိုးချိန်တွေကို ပုံမှန်လုပ်ဆောင်ပေးတဲ့ homeostasis လို့ခေါ်တဲ့ အချိန်သတ်မှတ်တဲ့ စိတ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်သောက်သုံးခြင်းဟာလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါသေးတယ်။   ဒါကြောင့် ယမကာဟာ အိပ်ဆေးတစ်ခု အဖြစ်မှီဝဲ ဖို့ မသင့်တော်ကြောင်းကိုလည်း ဆရာဝန်တွေက သတိပေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက မစ်ဆိုရီ ဆေးတက္ကသိုလ်က ဆရာဝန် အဖွဲ့ဟာ ယမကာရဲ့ အိပ်ခြင်းမှာ သက်ရောက်မှုတွေကို ၅ နှစ်ခန့် အချိန်ယူလေ့လာခဲ့တာဖြစ်ပြီး ယမကာဟာ လူတစ်ယောက်ရဲ့ ၂၄ နာရီစာ ဖွဲ့စည်းထားတဲ့ ပုံမှန်လည်ပတ်မှုတွေကို ပြောင်းလဲလိုက်တယ်ဆိုတာကို အဓိက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top