iMyanmarHouse.com - Best Property Website for Myanmar
×












ခင်ပွန်းဖြစ်သူ လင်းလင်း၏ OneMan Show တွင် တွဲဖက် သီဆိုမည့် ချစ်သုဝေက ယခုနှစ် အကယ်ဒမီ ပေးပွဲတွင် မျှော်လင့် ထားသူ အားလုံးနှင့် ကြိုးစား ထားသည့် အနုပညာရှင် အားလုံးကို ဆုရရှိ စေချင်ကြောင်း ပြောသည်။

 ဒီနှစ်က ကိုနေတိုး၊ ကိုပြေတီဦးလို့ ကြားပါတယ်။ မိန်းကလေး ထဲက ဆိုရင် မအူဝဲ နဲ့ ကစ်ကစ်လို့ ကြားပါတယ်။ မအူဝဲ ဆိုလည်း ကိုယ်ဝန်နဲ့ ဆိုတော့ ရစေချင်တယ်။ အမှတ်တရပေါ့။ ကစ်ကစ် ကျတော့လည်း တစ်ခါမှ မရဘူး သေးတော့ သူ့ကိုလည်း ရစေချင်တယ်။

 မျှော်လင့်ထားတဲ့ သူတွေ အားလုံး စိတ်ချမ်းသာ လက်ချမ်းသာနဲ့ ရစေချင်တယ်။ အကယ်ဒမီ ဆိုတာ ကလည်း နတ်ကြီးပါ တယ်လေ။ အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ နှစ်သက်တာ နဲ့ ထပ်တူညီတဲ့ သူက ရမှာပေါ့။ အရည်အချင်း ပိုင်းဆိုင်ရာ ကတော့ အားလုံးက သူ့တန်ဖိုးနဲ့ သူ၊ သူ့ အရည်အချင်းနဲ့ တူရှိတာပဲ။ မခိုင်လေး ဆိုရင်လည်း သိပ်တော်တဲ့ အနုပညာရှင်လေ။ ထရီဇာတို့ ငယ်ငယ် ကတည်း ကနေ မင်းသမီး ဖြစ်လာတဲ့ သက်တမ်းထိကို တော်ခဲ့တာပဲ။

ဒါပေမဲ့ ကံကြောင့်ပေါ့။ မရ သေးဘူး။ သူ့ကိုလည်း ရစေချင်တယ်။ အဲဒီလိုပေါ့ ထရီဇာ ပြောချင်တဲ့ သဘောလေးက အကယ်ဒမီသည် အရည်အချင်း ဆိုတာထက် ထပ်တူညီမှုတွေ ကံတွေပေါ့။ အကယ်ဒမီရဖို့ First Step သည် ရုပ်ရှင် ရိုက်ခွင့်ရှိဦးမှ၊ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းဦး မှလေ။ အခြေအနေ အကြောင်းအရာပေါ် အများကြီး မူတည်တယ်။ ကြိုးစားထားတဲ့ သူတွေ အားလုံး ရစေချင်တယ် ဟု ချစ်သုဝေက ပြောသည်။ ချစ်သုဝေသည်  အကယ်ဒမီ ပေးပွဲကို တက်ရောက်ချင် သော် လည်း နယ်ပွဲတစ်ခု  လက်ခံထား သောကြောင့် တက်ရောက်ရန် မသေချာသေးကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top