iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ်ဆောင်ပိုင်ဖြိုးသုကို ပျိုးခင်း၂ မင်းသမီးရွေးချယ်ပြီးနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်လို့ မေးဖြစ်ခဲ့တဲ့အခါ “ညီမလတ်တလောကတော့ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုကတော့ ဒီဇင်ဘာ၁၆ရက်နေ့မှ ကိုခန့်စည်သူနဲ့ ရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာကသိန်းဟန်(ဖီးနစ်)ပါ။ ဇာတ်လမ်းကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံဆိုတာ မသိရသေးပါဘူး။ ဟာသကားလို့ပဲ သိရပါသေးတယ်။ စာချုပ်သုံးနှစ်မှာ ဗီဒီယိုကား ၁၅ကားရိုက်မယ်လို့ သိရပါတယ်။ အဲဒီ့အတွက် ပျော်လည်းပျော်တယ်။ နောက်ပြီး စိတ်ထဲမှာ တာဝန်တစ်ခုရှိတယ်လို့ ခံစားနေရတယ်။ ညီမတို့ ပျိုးခင်းမင်းသမီး သုံးယောက်ကို တာဝန်ယူပြီး သင်ပေးနေရတာ ဆိုတော့ ကိုယ့်ကြောင့် မျက်နှာပျက်ရမှာ ကြောက်တယ်။ နောက်ပြီး ပရိသတ်ရှေ့မှာ မျက်နှာပျက်မှာလည်း ကြောက်တယ်။ ညီမတို့ကြိုးစားရမယ် ဆိုတဲ့ တာဝန်ရှိသွားတာပေါ့။ ညီမက အပြိုင်ထက် ကိုယ့်ကို လာပေးတဲ့ ဇာတ်အပေါ်မှာပဲ အကောင်းဆုံး သရုပ်ဆောင်ဖို့ ကြိုးစားသွားမယ်။ ရှေ့က စီနီယာတွေ ရဲ့ သူတို့အောင်မြင်အောင် ကြိုးစားသွားနိုင်တာကို ကြည့်ပြီး အားကျပါတယ်။ သူတို့လို ဖြစ်အောင်ကြိုးစားမယ်။”လို့ သူမက ပြောပါတယ်။

 အောင်မြင်မှုတစ်ခု ရရှိဖို့ ဘယ်လိုအရည်အချင်းတွေ ရှိသင့်တယ်လို့ ထင်လဲဆိုတဲ့ အချက်ကိုတော့ သူမက “ညီမနားလည်ထားသလောက်တော့အနုပညာသည်တစ်ယောက်က အနုပညာကို တကယ်ချစ်မှသာ အောင်မြင်မယ်လို့ ထင်ပါတယ်။ အနုပညာအပေါ်မှာ ဘယ်လောက်ထိ စိတ်ရှိလဲဆိုရင် ညီမ စကားလုံးတွေနဲ့တော့ ဖွဲ့နွဲ့ပြီးမပြောတတ်ပါဘူး။ သေချာတာကတော့ ညီမသရုပ်ဆောင် အလုပ်ကို အရမ်းပဲချစ်တယ်။ သရုပ်ဆောင်နေရရင် ကျန်တဲ့ အရာအားလုံးကို မေ့တယ်။ ကိုယ်လုပ်ခွင့်ရတဲ့ ကာရိုက်တာတိုင်းမှာ ကိုယ်ဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီးတော့ သရုပ်ဆောင်ခဲ့တယ် ဆိုတော့ နောက်ကိုလည်း ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အောင်မြင်တဲ့သူဖြစ်အောင် ဆက်ပြီး ကြိုးစားသွားပါ့မယ်။ သု အမြဲတမ်းပရိသတ် အတွက်ကြိုးစားသွားပါ့မယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top