iMyanmarHouse.com - Best Property Website for Myanmar
×








အရင်နှစ်တွေနဲ့မတူ နေရာအပြောင်းအလဲ၊ အစီအစဉ်အပြောင်းအလဲတွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲဟာဆိုရင်ဖြင့် ရုပ်ရှင်ထူးချွန်ဆု ၆ ဆုနဲ့တင် အပြီးသတ်သွားခဲ့တာမို့ အားလုံး အဆန်းတကြယ် ဖြစ်နေကြပါတယ်။ ၂၀၁၃ခုနှစ်ရဲ့ အကယ်ဒမီ ထူးချွန်ဆုစာရင်းကို ကြော်ငြာရရင်ဖြင့် အကောင်းဆုံး နောက်ခံတေးဂီတဆုကို စန္ဒရား တင်ဝင်းလှိုင်ကလည်းကောင်း ၊ အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ၀ိုင်းကလည်းကောင်း၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အကယ်ဒမီ ပြေတီဦးကလည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ၀တ်မှုန်ရွှေရည်ကလည်းကောင်း ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို မင်းဦးမှလည်းကောင်း ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ခိုင်သင်းကြည်မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။

ပရိသတ်တွေအနေနဲ့ ခိုင်သင်းကြည်ရဲ့ အကယ်ဒမီရရှိမှုအပေါ် ၀မ်းသာအားရ ဖြစ်နေကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်တဲ့အပြင် နှစ်တိုင်း ဒါရိုက်တာဆုနဲ့ လွဲချော်ခဲ့တဲ့ ၀ိုင်းရဲ့ အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးခဲ့မှုအပေါ်မှာလည်း ကျေနပ်နေကြပါတယ်။ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုနဲ့ ပတ်သက်ပြီး နေတိုးလို့ ထင်ကြေးပေးခဲ့ကြပေမယ့် ပြေတီဦးရရှိသွားခဲ့တဲ့အပေါ်မှာတော့ ပရိသတ်တွေဆီက အသံအနည်းငယ် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ပြေတီဦးရဲ့ သရုပ်ဆောင်ချက်တွေကလည်း တကယ်ကို ကောင်းလွန်းနေတာကြောင့် သူရရှိတဲ့ ဆုနဲ့ထိုက်တန်တယ်လို့ပဲ သုံးသပ်ချင်ပါတယ်။ အရင်နှစ်တွေကလို ဓာတ်ပုံဆု၊ အသံဆု၊ ဇာတ်ကားဆု စတဲ့ ဆုတွေမပေးတာကိုတော့ အနည်းငယ် ဘ၀င်မကျမိတာ အမှန်ပါပဲ။ ဒါပေမယ့် အားလုံးကို ခြုံငုံသုံးသပ်ရရင်ဖြင့် ကိုယ်အကယ်ဒမီ ပေးချင်တဲ့ အနုပညာရှင်တွေဆီ အကယ်ဒမီ ရွှေစင်ရုပ်ထုကို ပေးအပ်နိုင်ခဲ့တဲ့နှစ်မို့ အားလုံးကျေနပ်ပျော်ရွှင်ရတဲ့ ပွဲလေးတစ်ပွဲလို့ပဲ ဆိုပါရစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top