iMyanmarHouse.com - Best Property Website for Myanmar
×















ခရစ္စတီနာဟာ အသက် (၉) နှစ်သာရှိ သေးတဲ့ စူပါမော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နေထိုင်တဲ့ ခရစ္စတီနာဟာ အသက် သုံးနှစ်အရွယ် ကတည်းက မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး အသက် လေးနှစ် အရွယ်မှာ နာမည်ကြီး မော်ဒယ် ဖြစ်လာခဲ့ပြီး အသက် ခုနစ်နှစ် အရွယ်မှာတော့ အာမာနီတို့လို ထိပ်တန်း အမှတ် တံဆိပ်တွေရဲ့ မော်ဒယ် ဖြစ်လာခဲ့ပါတယ်။ ခရစ္စတီနာဟာ လူမှု ကွန်ရက် ၀က်ဘ်ဆိုက်တွေ မှာလည်း ကျော်ကြားပြီး အားပေးတဲ့ ပရိသတ် အခိုင်အမာ ရထား ပါတယ်။ ဒါပေမဲ့ လူမှု ကွန်ရက် သုံးစွဲသူ အချို့ဟာ ခရစ္စတီနာကို ကလေး တစ်ဦးလို မမြင်တော့ခြင်း ဖြစ်ပါတယ်။ ခရစ်္စတီနာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ အချို့မှာ ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ မှတ်ချက်ပြုမှုတွေ ရှိလာပါတယ်။


အသက်ကိုးနှစ် အရွယ် မိန်းကလေး တစ်ဦးကို ညစ်ညမ်းတဲ့ အပြုအမူနဲ့ တုံ့ပြန်ခြင်း အပေါ် ခရစ္စတီနာရဲ့ မိခင်ဖြစ်သူ ကိုယ်တိုင် ဖြေရှင်းမှု ပြုလုပ်ခဲ့ပါတယ်။ ခရစ္စတီနာရဲ့ လူမှု ကွန်ရက် ၀က်ဘ်ဆိုက်တွေကို မိခင်ဖြစ်သူက ထိန်းချုပ်ထားပြီး သတင်းတင်ခြင်း၊ ဓာတ်ပုံတင်ခြင်း တို့ကို ပြုလုပ် ပေးကာ ညစ်ညမ်းတဲ့ မှတ်ချက်တွေကို ရှင်းလင်းပစ်လေ့ ရှိပါတယ်။  ခရစ္စတီနာဟာ ရွှေရောင် ဆံပင်၊ အပြာရောင် မျက်လုံး စတာတွေနဲ့ ချစ်စရာ ကလေးတစ်ဦး ဖြစ်ပေမယ့် အချို့ကတော့ ကလေးတစ်ဦးလို မမြင်တော့ဘဲ လူမှုကွန်ရက် ၀က်ဘ်ဆိုက် တွေမှာ ညစ်ညမ်းတဲ့ မှတ်ချက်တွေပေး နေတာက တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ခရစ္စတီနာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဘ၀ကို ရယူနိုင်ခဲ့ပေမယ့် အခြားတစ်ဖက် မှာတော့ ဒုက္ခမျိုးစုံကို  ဖြေရှင်းနေရပါတယ်။

Credit : The Messsenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top