iMyanmarHouse.com - Best Property Website for Myanmar
×














တတ်သစ်စ မော်ဒယ် အောင်လေးက လူငယ်များဖြင့် ဖွဲ့စည်းထားသော မေတ္တာ ကမ်းလက် ဆိုသည့် ပရဟိတ အဖွဲ့ကို ဖွဲ့စည်း ထားပြီး ပရဟိတ လုပ်ခြင်းသည် နာမည်ကြီး ချင်၍ လုပ်ခြင်း မဟုတ်ကြောင်း ပြောသည်။

 ပရဟိတ စလုပ် ဖြစ်တာက ကျွန်တော် ပေါ့နော်။ ကြီးကြီးမားမား လုပ်ဖြစ်မယ် လို့လည်း မစဉ်းစားမိခဲ့ဘူး။ လှူတဲ့ သူတွေက များလာတော့ ကိုယ်မထင်မှတ် ထားတဲ့ သူတွေလည်းပါ လာတော့ အဖွဲ့အစည်း တစ်ခုဖွဲ့မှ ရတော့မယ် ဆိုပြီး ဖွဲ့ဖြစ်ခဲ့ တာပါ။ အစတုန်း ကတော့ သဘာဝ ဘိုးဘွား ရိပ်သာကို သွားလှူ တယ်။ ဒီ အဖွဲ့ထဲမှာလည်း လူငယ်တွေပဲဖွဲ့ စည်း ထားတယ်။

ကျွန်တော်တို့က ပေါ်ပင် ဖြစ်ချင်တာ တစ်ခုမှ မပါဘူး။ ကျွန်တော်တို့ အဓိက ထားပြီး လှူဖြစ်တာက အဘိုးအဘွားတွေ၊ ပြီးတော့မှ ဒုက်္ခိတတွေကို လှူပါတယ်။ Facebook မှာ လုပ်ဖြစ်တယ် ဆိုတာ ကလည်း အလှူငွေတွေ ကို ဘယ်မှာ လှူလဲ ဆိုတာကို အလှူရှင်တွေ သိအောင် လုပ်ပေးတာပဲ ရှိတယ်။ နာမည်ကြီးအောင် လူတွေ သိအောင် ဆိုတဲ့ စိတ်လုံးဝ မပါဘူး။ ဘာလို့လဲ ဆိုတော့ အရိုးသားဆုံး အသန့်ရှင်းဆုံး  အလှူငွေဖြစ်တဲ့ အတွက် မော်ဒယ် ဆိုတဲ့နာမည်တောင် မထည့်ထားဘူး။

 မေတ္တာကမ်းလက် ဆိုပြီး ထည့်ထားတဲ့ အပြင် လူတစ်ယောက် အနေနဲ့ပဲ ဒီအလုပ်ကို လုပ်တာ ပါ။ ကိုယ့် အလှူ တစ်ခုတည်းသာ ဆိုရင် အသိ မပေးချင်ပါဘူး။ တခြား အလှူရှင်တွေ ပါဝင်တဲ့ အတွက် အလှူရှင်တွေ သိအောင် လုပ်ပေးရ တာပါ။ ကျွန်တော်တို့ ရသမျှ အလှူငွေတွေကို နှစ်လ တစ်ခါ သုံးလ တစ်ခါလောက် သတ်မှတ်ပြီး သွားလှူပါတယ်။ ကျွန်တော်တို့ အဖွဲ့ထဲ ၀င်ချင်ရင်၊ တကယ်စိတ်ရင်းအမှန်နဲ့ လုပ်ချင်ရင်၊ ကူညီချင်တဲ့ စိတ်ရှိရင် မည်သူမဆို Welcome ပါပဲ ဟု အောင်လေးကပြောသည်။ အောင်လေးသည် လက်ရှိတွင် မော်ဒယ် တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ မေတ္တာကမ်းလက် ဆိုသည့် ပရဟိတ အဖွဲ့တွင် ပါဝင် လှုပ်ရှားဖြစ် နေကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top