iMyanmarHouse.com - Best Property Website for Myanmar
×










လူတစ်ဦးနဲ့တစ်ဦးအကြား မှာ ထိရောက်တဲ့ဆက်ဆံရေးတစ်ခုကို ရရှိဖို့ မျက်နှာချင်းဆိုင်ပြောဆိုဆွေးနွေးမှုဆိုတာ အရမ်းကို   လိုအပ်ပါတယ်။ဒါဟာ ယုံကြည်မှုတစ်ခုကို အတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်ဖို့အတွက်အုတ်မြစ်ချခြင်းဘဲဖြစ်ပါတယ်။ ရွာဖြစ်နေတဲ့ကမ္ဘာကြီးမှာ  စီးပွားရေးလုပ်ငန်းတွေ ကြီးထွားကျယ်ပြန့်လာတာနဲ့အမျှ  လုပ်ငန်းရှင်တွေဟာ ဖောက်သည်တွေ နဲ့တွေ့ဆုံကြရတယ်။ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ဝင်တွေနဲ့လည်း ဆွေးနွေးကြရတယ်။ဒါပေမယ့် ဒီလိုတွေ့ဆုံဆွေးနွေးဖို့ဆိုတာအမြဲတမ်း အဆင်မပြေနိုင်ပါ့မလား ။ဒီတော့  နည်းပညာတိုးတက်တဲ့ခေတ်ကာလမှာ ကျွန်ုပ်တို့အနေနဲ့ အင်တာနက်၊ အီးမေးလ်၊တယ်လီဖုန်း၊မက်ဆေ့ခ်ျပို့ခြင်းဆိုတာတွေကို အသုံးပြုလာကြပါတယ်။ဒါပေမယ့် ဒီလို ဆက်သွယ်ဆောင်ရွက်ကြရာမှာ လုပ်ငန်းတွေမှာရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော အဓိပ္ပာယ်ကောက်ယူမှု လွဲမှား တာတွေရှိကြပါတယ်။

ကျွန်ုပ်တို့ တွေ တစ်ဦးနဲ့ တစ်ဦး ပြောဆို ဆက်ဆံကြရာမှာ ၉၀% လောက်ဟာ လက်ဟန်ခြေဟန်မျက်နှာအမူအယာနဲ့ ပြောဆိုကြတာများပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့စီးပွားရေးကိစ္စရပ်များအတွက် ဆွေးနွေးပြောဆိုကြရာမှာ  ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုတွေရရှိစေဖို့ဗွီဒီယိုကင်မရာရဲ့အစွမ်းကို ရယူကြပါတယ်။ဒါဟာ ဗွီဒီယိုချက်တင်နဲ့ အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပြီး  ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုကို ရရှိစေဖို့ ဗွီဒီယိုကင်မရာကို အသုံးပြုခြင်းဘဲဖြစ်ပါတယ်။

ထိရောက်တဲ့ အစည်းအဝေး
အစည်းအဝေးတစ်ခုခုမှာ ဆုံးဖြတ်ချက်ချဖို့လိုအပ်လာတဲ့အခါ အတတ်နိုင်ဆုံးအများဆန္ဒကိုအမြန်ရရှိဖို့လိုပါတယ်။ အချိန် ၅ မိနစ်လောက် အပြန်အလှန်မျက်နှာစုံညီဆွေးနွေး၊စည်းဝေးခြင်းဟ သင့်အတွက် အီးမေးလ် ၄ စောင်လောက်ကို အသာလေး လျော့ကျသွားနိုင်ပါတယ်။အစည်းအဝေးမှာ လူတွေများစွာ ပါဝင်ကြတာကြောင့် မတူညီတဲ့လူတွေဆီမှ အထောက်အကူပြုနိုင်မယ့် အခွင့်အရေးတွေ ၊စွမ်းအင်တွေများစွာ ရရှိနိုင်ပါတယ်။ လူတွေရဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ဆွေးနွေးချက်တွေက အစည်းအဝေးအတွက် ပေါင်းစည်းအားဖြစ်ပြီး အောင်မြင်မှုကိုရရှိခြင်းဘဲဖြစ်ပါတယ်။ သင့်အနေနဲ့ ပိုမိုလွယ်ကူစွာဦးနှောက်အသုံးပြုစဉ်းစားနိုင်သလို ပြသနာတွေကိုလည်း
 ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ကိုယ်ဟန်အမူအရာနဲ့ပြောဆိုမှု
ကိုယ်ဟန်အမူအရာနဲ့ပြောဆိုမှုဟာ ကိစ္စအများစုကိုအရမ်းထိရောက်မှုရှိစေပြီး ဒီစိတ်ကူးတွေဟာ တစ်ခြားလူတွေအတွက်လည်း လွယ်ကူစွာလုပ်ဆောင်ဖို့ဖြစ်သွားစေပါတယ်။ဒါပေမယ့် ဒီလို ကိုယ်ဟန်အမူအရာနဲ့ပြောဆိုမှုကို ပြည့်ပြည့်စုံစုံပြောဆိုတတ်ဖို့ လေ့လာသင်ယုမှု အများကြီး လုပ်ရပါမယ်။

တကယ်တော့  ဒီလို ကိုယ်ဟန်အမူအရာနဲ့ ပြောဆိုတတ်မှုဟာ ဆက်သွယ်ပြောဆိုဆက်ဆံမှုနယ်ပယ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။ဥပမာ- ဆွံ့အနားမကြားသူများအတွက် အခုလို ကိုယ်ဟန်လက်ဟန်နဲ့ ပြောဆိုမှုကို အသုံးပြုကြပါတယ်။အစည်းအဝေးများမှာ ပြောဆိုတဲ့အခါ လူအများ စိတ်ဝင်စားနိုင်စေဖို့ အကြောင်းအရာနဲ့ ကိုယ်ဟန်လှုပ်ရှားမှုတွေက လည်း အရေးကြီးလှပါတယ်။

ကိုယ်ရေးကိုယ်တာ ထိတွေ့ဆက်ဆံမှု
ရိုးသားစွာပြောဆိုဆက်ဆံမှုဟာ လူတွေအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာအရလူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါ ရိုးရှင်းတဲ့အပြုံးနဲ့ တစ်ဘက်သားအပေါ်အာရုံစိုက်အလေးထားပြောဆိုခြင်းဟာ တစ်ဘက်သားရဲ့ အသိအမှတ်ပြုမှုကို လွယ်ကူစွာရရှိတတ်ပါတယ်။

တကယ်လို့သင်ဟာ အခြားလူတွေအပေါ် ယုံကြည်မှုမရှိသူတစ်ယောက်ဖြစ်နေရင်မိမိကိုယ်မိမိမေးခွန်းမေးလိုက်ပါ။ ဘာကြောင့် ငါဟာ လူတွေကို မယုံကြည်ဖြစ်နေရတာလဲ။မိမိ က သူတစ်ပါးကို ယုံကြည်စွာ ဆက်ဆံပြောဆိုခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ခြင်းဘဲဖြစ်ပါတယ်။ မိမိရဲ့စိတ်နေသဘောထားဟာ သူတစ်ပါးအပေါ် သန့်ရှင်းနေပြီး ရိုးရှင်းနေခဲ့ရင် သင့်အနေနဲ့ ဘယ်သူ့ကိုမဆို အဆင်ပြေစွာဆက်ဆံနိုင်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း အဆင် ပြေအောင်မြင်သူတစ်ယောက်ဖြစ်နေမှာ အသေအချာဖြစ်ပါတယ်။ ဒါဟာလူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံမှုမှာ အဓိကကျတဲ့  အချက်တစ်ခုဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။

ဒါတွေဟာ လူမှုနယ်ပယ်မှာ လူတွေအနေနဲ့ ပြောဆိုဆက်ဆံကြတဲ့အခါ ထိရောက်တဲ့ကွန်ရက်တွေကိုတည်ဆောက်နိုင်ဖို့၊ တစ်ဦးတစ်ယောက်ချင်းမှ လူများစွာဆီသို့ အကျိုးပြုနိုင်ဖို့အတွက် နယ်ပယ်ပေါင်းစုံမှာ အရေးကြီးလှပါတယ်။ စကားပြောတယ်ဆိုတာ ရှိးရှင်းလွယ်ကူတယ်ဆိုပေမယ့် မိမိပြောဆိုလိုက်တဲ့စကားအပေါ် တစ်ဘက်သားမှ တန်ဖိုးထားတတ်အောင်၊အလေးထားတတ်အောင် ပြောဆိုဆက်ဆံတတ်မှုဘယ်လောက် အရေးပါသလဲဆိုတာ လူတိုင်းနားလည်ကြမှာပါ။

ဒါကြောင့် လူတွေအနေနဲ့နယ်ပယ်အမျိုးမျိုးမှာ ပြောဆိုဆက်သွယ်ကြရတဲ့အခါ နှစ်ဦးနှစ်ဘက် အကျိုးရှိစေဖို့၊ သူတစ်ပါးအလေးထားတတ်အောင်ပြောဆိုတတ်ဖို့၊ကိုယ်ဟန်အမူအရာကိုသာမက စိတ်နေစိတ်ထားကိုပါ  အထူးဂရုစိုက်ဖို့လိုပါတယ်ဆိုတာဖော်ပြလိုက်ရပါတယ်။

Credit : yangonlife

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top