iMyanmarHouse.com - Best Property Website for Myanmar
×










ဆက်တိုက် အိပ်ရေးပျက်မှု များကြောင့် အသက်တိုစေ နိုင်ကြောင်း လေ့လာမှု တစ်ခု အရ သိရှိ ရသည်။ ယင်းမှာ အိပ်ရေးပျက်များ လာပါက ရေရှည် ဖြစ်လာ နိုင်သည့် ဆိုးကျိုးများကို နှစ် (၄၀) ကြာ လေ့လာခဲ့ ရာမှ သိရှိရခြင်း ဖြစ်သည်။ ခြောက်နှစ် သို့မဟုတ်   ခြောက်နှစ် ထက်မက ရေရှည် အိပ်ရေး ပျက်ပါက အသက် အန္တရာယ် ဖြစ်နိုင်ခြေ (၅၈) ရာခိုင်နှုန်းပို များကြောင်း သိရသည်။

အိပ်ရေးပျက်ခြင်းသည် သွေးတွင်း လှုံ့ဆော်မှုများ နေခြင်းနှင့် ဆက်စပ်နေပြီး ယင်းကြောင့် နှလုံး ရောဂါ၊ ဆီးချို၊ အ၀လွန်ခြင်း၊ ကင်ဆာ၊  စိတ်ဖောက်ပြန်မှုနှင့် စိတ်ကျ ရောဂါ များနှင့်ပါ ဆက်စပ်လျက် ရှိကြောင်း သိရသည်။ အိပ်ပျော်ရန် ခက်ခဲခြင်း၊ အိပ်ချင်မူးတူး ဖြစ်နေခြင်းနှင့် အစောကြီး နိုးနေခြင်း တို့မှာ အတွေ့ရများ သော ကျန်းမာရေး ပြဿနာများ ဖြစ် သည်။

တစ်ပတ်လျှင် အနည်းဆုံး သုံးည အိပ်မပျော် ဖြစ်တတ်ပြီး အနည်းဆုံး သုံးလ ဆက်တိုက် ဖြစ်ပွား နေခြင်းကို နာတာရှည် အိပ်မပျော်သည့် ရောဂါဟု သတ်မှတ်ကြောင်း သိရသည်။ လေ့လာမှုများ အရ နာတာရှည် အိပ်မပျော်သည့် ရောဂါရှင် များသည် အိပ်ဆေး၏ ဆိုးကျိုး၊ အိပ်ရေး မ၀ခြင်း၊ လိင်မှု ကိစ္စ၊ အသက်အရွယ်နှင့် တခြားသော အကြောင်း ရင်း များကြောင့် အသက် အန္တရာယ် ဖြစ်နိုင်ခြေပို များကြောင်း လေ့လာမှု များ အရ သိရှိရသည်။

အိပ်မပျော်သည့် ရောဂါရှိသူ များတွင် ရောဂါ မရှိသူ များထက် သွေးတွင်း လှုံဆော်မှု ပိုများသည်ကို တွေ့ရှိရ သော်လည်း နာတာရှည် အိပ်မပျော် ရောဂါ ဖြစ်သူများတွင် အသက် အန္တရာယ် မည်မျှထိ စိုးရိမ် စရာ ရှိကြောင်း ကိုမူ ဆက်လက် လေ့လာရန် လိုအပ် သေးကြောင်း လေ့လာသူ တစ်ဦးက ပြောကြားခဲ့ သည်။ လေ့လာမှု စစ်တမ်းကို အမေရိကန် နိုင်ငံ အရီဇိုးနား တက်္ကိုလ်မှ သုတေသန ပညာရှင် များက ပြုလုပ် ထားခြင်း ဖြစ်သည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top