iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် သရုပ်ဆောင်မင်းသားကြီး အာနိုး ရှာဝါ့တ်ဆန်နက်ဂါသည် ၎င်း၏ သားဖြစ်သူ ပက်ထရစ်နှင့် မိုင် လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေး ကို သဘောမကျဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

မော်ဒယ် ပက်ထရစ်ရှာဝါ့တ် ဆန်နက်ဂါသည် လက်ရှိတွင် အ ဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့် ချစ်ကြိုက်လျက်ရှိသော်လည်း ၎င်း၏ မိဘများသည် မိုင်လေဆိုင်း ရပ်စ်ထံမှ အကျင့်ဆိုးများ ပက်ထ ရစ်ထံသို့ ကူးမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ခု က ဆိုသည်။

မိုင်လေဆိုင်းရပ်စ်နှင့် ပက် ထရစ်တို့ ချစ်ကြိုက်နေသည်မှာ နှစ်လခန့်ရှိပြီဟု သိရသည်။

ပက်ထရစ်၏ မိခင်ဖြစ်သူ မာရီယာက မိုင်လေသည် အကျင့် ဆိုး ကူးစက်စေမည့်သူတစ်ဦးဖြစ် နိုင်ကြောင်းနှင့် သားဖြစ်သူအား လမ်းမှားမရောက်စေလိုကြောင်း သတိပေးထားသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ဖခင်ဖြစ်သူ မင်းသားကြီး အာနိုးကလည်း သားဖြစ်သူ ပက် ထရစ်နှင့် မိုင်လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေးကို သဘောမကျဟု သိရသည်။

မိုင်လေဆိုင်းရပ်စ်၏ သူ ငယ်ချင်းများကလည်း ၎င်းတို့နှစ် ဦး၏ ဆက်ဆံရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ပက်ထရစ်သည် မိုင်လေဆိုင်းရပ်စ်နှင့် ချစ် ဇာတ် လမ်းကို ၎င်း၏ ကျော်ကြားမှုအ တွက် အသုံးချနေသည်ဟု ယူဆ ကြောင်း ပြောကြားခဲ့သည်။

မိုင်လေဆိုင်းရပ်စ်သည် လီ ယမ်ဟမ်းစ်ဝေါ့သ်နှင့် လမ်းခွဲပြီး နောက်တွင် မည်မျှအထိ နာကျင် ခဲ့ရသည်ကို ၎င်း၏ အရင်းနှီးဆုံး သူများသာ သိကြောင်းနှင့် မိုင် လေကို ထပ်မံ၍ ၀မ်းမနည်းစေလို ကြောင်း ၎င်း၏ သူငယ်ချင်းများ က ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top