iMyanmarHouse.com - Best Property Website for Myanmar
×

 












အောင်မြင်သည့် အကယ်ဒမီ မင်းသား တစ်လက် ဖြစ်သည့် နေတိုးက လက်ရှိတွင် ဂီတနောက်ခံ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးနေကြောင်း ပြောသည်။

  ““အခုရိုက်နေတဲ့ ကားကတော့ ပထမ တစ်ဖြတ်ကို ရိုက်ပြီး သွားပါပြီ။ နောက်တစ်ဖြတ် ရိုက်ဖို့က ဇာတ်ဝင်တေးတွေရယ်၊ နေရာအတွက် ရယ်တော့ နည်းနည်း ရှာရဦးမယ်။ ဒီကားလေးက ဗီဒီယိုမှာ အရိုက်နည်းတဲ့ ဂီတနောက်ခံ ကားပေါ့နော်။  ဂီတ နောက်ခံ ဆိုပေမယ့် ကျွန်တော်က အဆိုတော် မဟုတ်ဘူး။ တေးရေး ဆရာပေါ့။ အဓိက ဇာတ်က အချစ် ဇာတ်လမ်းလေးပါပဲ။

 အရင်တုန်း ကတော့ ဗီဒီယို ရိုက်မလို့၊ ဒါပေမဲ့ ဒီကားလေးရဲ့ ကာရိုက်တာကို နှမြောလို့၊ ဇာတ်ဝင်တေး အတွက်ရော သီချင်း အသစ်တွေရော လုပ်ရမယ်။ ခရီးလည်း ထွက်ရမယ် ဆိုတော့ ဗီဒီယိုဆိုရင် ကုန်ကျ စရိတ်က တော်တော်လေး များမှာလေ။   ကာရိုက်တာ ကလည်း ကျွန်တော် မလုပ်ဖူးသေးတာ ဆိုတော့ ကားကြီး အနေနဲ့ ပြောင်းလိုက်တာပါ။

 ခရီးထွက်ရမယ် ဆိုပေမယ့် အများကြီးတော့ မထွက်ရပါဘူး။ ဇာတ်လမ်း ဖွဲ့စည်းပုံ ကတော့ သီချင်းတစ်ပုဒ်ရဲ့အောင်မြင်မူ နောက်ကွယ်မှာ ရှိတဲ့ လူနေမှု ဘ၀တွေကို ရိုက်ပြမှာပါ။ ရုပ်ရှင်ရဲ့ နောက်ခံ တီးလုံးတွေ ဇာတ်ဝင် သီချင်းတွေ ဆိုတာက သရုပ်ဆောင်တွေရဲ့ အမှုအရာကို ပိုပြီး ကြွလာအောင် ပံ့ပိုးပေးနိုင်တယ်လေ။ ဒီကားမှာ သုံးမယ့် သီချင်းကို တေးရေးဆရာ ညီမင်းခိုင်နဲ့ ဆွေးနွေးပြီး သီချင်းတွေ ရေးခိုင်းနေတယ်။

တစ်ပုဒ်တော့ ပြီးသွားပြီ။ နောက်တစ်ပုဒ် ကတော့ မကြိုက်လို့ ပြင်နေပါတယ်။ ဒီဇာတ်ကားမှာ  သုံးမယ့် သီချင်းတွေ အတွက်၊  ဆက်တင် အတွက်ကို ကျွန်တော့်ရဲ့ Story Book Multimedia ကနေလည်း ပံ့ပိုး ပေးထားပါတယ်”” ဟု သရုပ်ဆောင် နေတိုးက ပြောသည်။ နေတိုးသည် ၂၀၁၅ ခုနှစ် အတွက် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးရန် လေးကား လက်ခံထားကြောင်း သိရသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top