iMyanmarHouse.com - Best Property Website for Myanmar
×











လူတစ်ယောက် ကိုယ့်အနားက ဖြတ်လျှောက်သွားတဲ့အခါ သူ့ရဲ့ရေမွှေးရနံ့လေး ရလိုက်တာမျိုး ဖြစ်ဖူးပါသလား။ မွှန်ထွှန်နေတာမျိုး မဟုတ်ပဲ သင်းသင်းလေးနဲ့ ဆွဲဆောင်မှုရှိလွန်းတာမို့ လည်ပြန်တစ်ချက်ငေးလိုက်ရတဲ့ အထိတောင် ဖြစ်သွားတာမျိုးပေါ့။ ကိုယ်တိုင်လည်း ဒီလိုဖြစ်ချင်ပေမယ့် မနက်ကဆွတ်လာတဲ့ ရေမွှေးရနံ့က နေ့လည်လောက်ဆို ဘာရနံ့မှမရှိတော့သလိုတောင် ခံစားရတဲ့အထိပဲ။ ဒီတော့ ဆွတ်နည်းများ မှားနေသလားပေါ့။ ဒီလို ဇဝေဇ၀ါဖြစ်ရတဲ့ ပျိုမေတွေအတွက် နည်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ရေမွှေးရနံ့သင်းပျံ့စေဖို့ ဘယ်နေရာတွေ ဆွတ်ရမလဲဆိုတာ အခြေခံအားဖြင့်သိထားရပါမယ်။

ရေမွှေးကို အပေါ်ဘက် ဖျန်းပက်လိုက်ပြီး ဖျန်းထားတဲ့နားလေးမှာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက် လုပ်ခြင်းမျိုးက သင့်ရေမွှေးရနံ့ကို အချိန်ကြာမြင့်စွာ ထိန်းထားမပေးနိုင်ပါဘူး။ နောက်တစ်ချက်က ရေမွှေးကို အင်္ကျံပေါ် တိုက်ရိုက်ဆွတ်တာမျိုးကလည်း အင်္ကျံမှာ အစွန်းအထင်း၊ အကွက်တွေ ဖြစ်နိုင်ပါတယ်။ အင်္ကျံမှာဆွတ်ရတာ ကြိုက်ရင်တော့ မ၀တ်ခင် အရင်ဆုံး အင်္ကျံကို ရေမွှေးဆွတ်ထားတာမျိုး လုပ်နိုင်ပါတယ်။ နောက်တစ်ချက်က လက်ကောက်ဝတ်၊ တံတောင်ဆစ်အတွင်းအကွေးပိုင်း၊ နားနောက်ဘက်၊ လည်ပင်းဘေးဘက် စတဲ့ အပူတွေထုတ်လွှတ်ပေးတဲ့ နေရာမျိုးတွေမှာ ဆွတ်နိုင်ပါတယ်။ ဒါပေမယ့် လက်ကောက်ဝတ်လိုနေရာမျိုးမှာ ဆွတ်ပြီး လက်ကောက်ဝတ်နှစ်ခုကို ပြန်ပွတ်တာမျိုးကိုတော့ မလုပ်မိစေဖို့ ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရေမွှေးရနံ့ကို ပြောင်းသွားစေနိုင်လို့ပါ။ ဆံပင်ကို ဖြန်းပေးတာမျိုး သဘောကျတယ်ဆိုရင်လည်း အများကြီး မဖြန်းမိစေဖို့ သတိပြုပါ။

၂။Moisturizer ကို အရင်လိမ်းပါ။

ရေမွှေးဖြန်းပြီးမှ လက်ကို လိုးရှင်း၊ moisturizer လိမ်းတာမျိုးတွေ မလုပ်မိပါစေနဲ့။ ဖြစ်နိုင်ရင် ဒါတွေကို အရင်လိမ်းပြီးမှ ရေမွှေးဆွတ်ပါ။  အနံ့မပါတဲ့လိုးရှင်းမျိုးဆိုရင်တော့ ပိုကောင်းပါတယ်။

၃။အနံ့တစ်မျိုးတည်း စွဲနေဖို့အတွက် ကုန်ပစ္စည်းတစ်ခုတည်းကထုတ်တဲ့ အမျိုးစားတွေချည်း သုံးပါ။

ရေချိုးဆပ်ပြာ၊ ဘော်ဒီကရင်မ်နဲ့ ရေမွှေးအားလုံးကို Set လိုက် တွဲသုံးမယ်၊ ရနံ့တစ်ခုတည်းတွဲသုံးသွားမယ်ဆိုရင် သင့်ရနံ့ဟာ တစ်နေကုန်တောင် မဟုတ်ပါဘူး။ နောက်နေ့အထိပါ စွဲကျန်နေပါလိမ့်မယ်။ ရေချိုးဆပ်ပြာရနံ့ဟာ ရေချိုးပြီးတာနဲ့ ရနံ့မရှိတော့ဘူးလို့ မထင်ပါနဲ့။ အမှန်တော့ သူ့ရနံ့က သင့်အရေပြားမှာ ကျန်နေဆဲပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top